ရေချိုးပြီး အခန်းပြင် ထွက်လာတော့ အိပ်ရာပေါ် ချထားသည့် ကျောင်းဝတ်စုံကို ကျကျနန ယူဝတ်ပြီး မနက်စာ စားရင် အောက်ထပ်ကိုာဆင်းလာခဲ့သည်။

မနေ့ကတုန်းက မထင်မှတ်ဘဲ Jay ရဲ့ အိမ် မှာ အိပ်ဖြစ်သွားခဲ့သည်။ တကယိတော့ ပြန်လို့ရပေမယ့် အတင်းဖက်တွယ် လာတဲ့ လူကြောင့် တစ်ညလောက် အိပ်ဖို့ဆုံးဖြတ်လိုက်သည်။ မနက်ကျတော့ သူ့ရဲ့ကျောင်းဝတ်စုံနဲ့ လွယ်အိတ်ကို အိမ်က ဒရိုင်ဘာကို ဖုန်းဆက်ပြီး လာပို့ခိုင်းသည်။

Jay က တကယ်ကို စေ့စပ်သေချာတဲ့ သူတစ်ယောက် သူ့ကြောင့်နဲ့ တစ်ခြားသူ ဒုက္ခမရောက်စေရဘူး။

Jay ပြင်ဆင်ပေးထားသည့် ပေါင်မုန့်မီးကင်နဲ့ ကော်ဖီပူပူလေး ကို သောက်ရင်း ဆာလောင်နေတဲ့ ဗိုက်ကလေးကို အစာဖြည့်သည်။
ပြောရမယ်ဆို စိတ်လှုပ်ရှားနေတယိဘဲပြောရမလား နောက်ဆုံးစာမေးပွဲမဟုတ်လား။ စာတွေက ရပြီးသားဆိုတာ မှန်ပေမယ့် အနည်းနဲ့အများတော့ စိတ်လှုပ်ရှားတာကြီးဘဲ။

ဒီနေ့တော့ ကျောင်းကို Jay ရဲ့ စီးတော်ယာဉ်ကြီးနဲ့ သွားရမှာ။ အင်း..... ပထမဆူံး ချစ်သူဖြစ်ပြီး ‌ပထမဆုံး ကျောင်းသွားတဲ့ နေ့ပေါ့။
ကျောင်းသွားသည့် လမ်းတစ်လျှောက်မှာ အရင်ကလို တိတ်ဆိတ်မနေတော့ဘဲ စကားများတဲ့ ရှင်မ်းဂျယ်ယွန်းကလည်း စာကလေး သဖွယ် ပြောလိုက်တဲ့ စကားဆိုတာ။

ပြောတာတွေက စုံရောပေါ့။ ဒီစာမေးပွဲပြီးရင် ဘယ်ကို သွားပြီး ဘာတွေလုပ်မယ် စသဖြင့် ပျော်ပွဲစားထွက်ချင်နေတဲ့ ကောင်လေးပေါ့။ ဂျယ်ယွန်းမပြောရင်လည်း Jay က ပြင်ဆင်ပြီးသားပါ။စာမေးပွဲ ဖြေပြီးတာနဲ့ တစ်နေရာရာကို ခေါ်သွားမယ်ဆိုပြီး အစီအစဉ် ဆွဲထားသည်။

" စာမေးပွဲကောင်းကောင်း ဖြေခဲ့နော် ညနေကျရင် ပြန်တွေ့မယ် "

ရင်ခွင်ထဲ ဆွဲသွင်းထားပြီး ဆံနွယ် အိအိလေးတွေကို တစ်ချက်နမ်းရှိုက်မိတော့ ရှက်သည်ထင်ပါတယ် ဒီကောင်လေး။ ရင်ခွင်ကို ခက်ပြင်းပြင်း ရိုက်လိုက်ပုံ ‌ထောက်ရင်။

" ကျောင်းမှာလေ ဘယ်လိုတွေဖြစ်နေတာလဲ အတင်းဘဲ လူတွေကြည့်ကုန်ပြီ "

Love is you | DOUBLE JKde žijí příběhy. Začni objevovat