Epi - 26

2.1K 198 23
                                    

Unicode

ခန့်ရွှေစည်တစ်ယောက် အိမ်ကိုရောက်၍ နားပင်မနားရ တစ်ခါတည်း over sae တန်းသွားရလေသည်။ အတွင်းရေးမှူးက အကုန်အဆင်သင့်ပြင်ဆင်ပေးထားလို့သာ တော်ကာကြ၏။
အတွင်းရေးမှူးကို လစာမဖြတ်တော့ပါ။

အခုဆို ရလေးနှင့် အဆက်အသွယ်မလုပ်ရတာ ၄ရက်ရှိလေပြီ။ အမှန်တိုင်း ဝန်ခံရရင် ရလေးကို
ရူးမတတ်လွမ်းနေပါသည်။

ဒီနေ့ ကိုယ်ပိုင်လေယာဥ်ဖြင့် ပြန်လာခြင်း။
လေဆိပ်ကို ခြေစနင်းသည်နှင့် အရင်ဆုံး လုပ်မိသည်က အသည်းညှာဆီ ဖုန်းခေါ်ခြင်း။
သို့သော် ခေါ်လို့မရပေ။ ဖုန်းသည် ဝင်နေသော်လည်း လာမကိုင်ခြင်း။

ဟူး....... သက်ပြင်းမောကိုသာ ချမိသည်။

ရလေး အိမ်ကိုပဲ ပြန်ရောက်နေပြီလား ၊ တောမှာပဲ ရှိနေသေးတာလား ဆိုတာကို အရမ်းတွေ သိချင်နေသည်က ကျွန်တော် ခန့်ရွှေစည်။

ရရ အိမ်ပြန်ရောက်နေပါပြီ။ ချောင်းဆိုးတာက ရပ်မသွားသည့်အပြင် ပိုဆိုးလာသဖြင့် မြို့ကို ပြန်ခဲ့ရသည်။ အမေနှင့် အဖေလည်း အလုပ်တွေ ကိုယ်စီ ရှိသေးသည်မို့ မပြန်ချင်လည်း ပြန်လာရပါသည်။

၄ရက်ရှိပြီ။ လောရှည်ကောင် ဖုန်းလည်းမဆက် ၊ စာလဲ မပို့။ စာမလာ သတင်းမကြားသည့် ေလ လွင့်နေသည့် အပေအတေလို။

ရရ စိတ်ဆိုးနေပါသည်။ လောရှည်ကောင်ကြီးကို။

စာကြည့်စားပွဲ ပေါ်ထိုင်နေစဥ် ဖုန်းသံကြားသဖြင့် အိပ်ရာပေါ်မှာ တင်ထားသော ဖုန်းဆီ အလာ ဖုန်းက ကျသွားလေသည်။ ထပ်လည်း ခေါ်မလာတော့။

ဘယ်သူလဲ ဆိုကာ ယူကြည့်လိုက်တော့ ကိုလောရှည်။ ဘာလဲ ဒီမှာ အိပ်ရာနဲ့ စာကြည့်စားပွဲ နဲနဲဝေးလို့ လမ်းလျှောက်နေရလို့ ကြာသွားသည်ကို ထပ်ခေါ်မလာတော့ဘူးလား။

ထပ်ခေါ်ရင် ဖုန်းဘေကုန်သွားမှာ စိုးလို့လား လောရှည်ကောင်ကြီးရဲ့ ဟွန့်.......။

မခေါ်နေပေါ့ ဟု စိတ်ထဲမထည့်သော်လည်း ခဏ ခဏ ဖုန်းကို ကြည့်နေမိသည့် မျက်လုံးတွေကို စာအုပ်ဆီကိုသာ သေချာ နေရာချလိုက်သည်။
မကြာပါ စာကြည့်စားပွဲပေါ်တွင် အိပ်ပျော်သွားလေသည်။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now