အပိုင်း(၂)

Start from the beginning
                                    

ရုတ်တရက်နောက်ကျိလာသည့်ခေါင်းကြောင့်အလုပ်တွေကိုလက်စသတ်ပြီးအပြင်ထွက်ရန်ပြင်ဆင်လိုက်သည်။ခေါင်းကြည်အောင်coffeeတစ်ခွက်သောက်မယ်ဟုကြံစည်ပြီးcoffeeဆိုင်ထဲဝင်ရန်အလုပ်....

"ဘုတ်"

"အင့်"

"ဟာ....သွားပြီ"

ဒီနေ့တော့ဂျွန်ဂျောင်ကုအတွက်ပြဿဒါးပဲ။ဆိုင်အဝမှာကောင်မလေးတစ်ယောက်နဲ့လှပစွာဝင်တိုက်မိကာcoffeeတွေအကုန်သူ့coatကိုပေကုန်သည်။စိတ်တွေသည်ဒေါသဆီသို့မိုင်ကုန်တွန်းပို့ကာအရှေ့ကကျောင်းuniformဝတ်ထားတဲ့ကလေးမလေးကိုအော်လိုက်မိသည်။

"ကျစ်...မင်းလူတစ်ယောက်လုံးလာတာကိုမမြင်ဘူးလား မိန်းကလေးဖြစ်ပြီးရှပ်ပြာရှပ်ပြာနဲ့"

"တောင်းပန်ပါတယ်ရှင် စာမေးပွဲအချိန်ကလဲနီးနေတော့အလျင်လိုသွားလို့ပါ အခုတောင်နောက်ကျနေပြီလားမသိဘူး"

ဂျောင်ကုထိုကောင်မလေးစကားတွေကိုအာရုံမစိုက်နိုင်ပါ။ပေနေတဲ့သူ့အကျီ ်ကိုသာသည်းကြီးမဲကြီးသုတ်နေမိသည်။သူတို့ရပ်နေတဲ့နေရာကဆိုင်ပေါက်ဝကြီးဖြစ်နေတာကြောင့်ရှောင်ထွက်ရန်ပဲဆုံးဖြတ်လိုက်သည်။coffeeသောက်ခ​ျိန်စိတ်လည်းမရှိတော့။လှည့်ထွက်ဖို့ပြင်နေစဥ်သူ့လက်မောင်းကိုလာဆွဲတဲ့လက်လေးတစ်ဖက်။
မျက်မှောင်ကျုံ့ကြည့်ပြီး

"ဘာလဲ"

လို့ခပ်ဆတ်ဆတ်မေးလိုက်တော့အားနာသလိုမျက်လုံးအဝိုင်းကြီးနဲ့မော့ကြည့်လာပြီး

"ဟို...coatအတွက်အားနာပေမယ့်အပန်းမကြီးရင်ကျောင်းလိုက်ပို့ပေးပါလားဟင် နောက်ကျနေလို့ပါစာမေးပွဲလည်းဖြေရဦးမှာမို့လို့"

ကောင်မလေးရဲ့uniformကိုကြည့်မိတော့သိပ်မဝေးတဲ့အထက်တန်းကျောင်းကမှန်းသိလိုက်သဖြင့်

"တက်"

"ရှင်...ဘယ်ကိုတက်ရမှာလဲ"

"ကားပေါ်တက်ခိုင်းနေတာ မင်းက​ပေါ်ဘယ်တက်ချင်လို့လဲ"

"ကျေးဇူးပါ လူကြီးမင်း"

ပြောပြောဆိုဆိုကားရှေ့ခန်းထဲကိုသူ့ထက်အရင်ဝင်ထိုင်တော့သူလည်းကားထဲဝင်ကာစက်နှိုးရတော့သည်။ပိုင်စိုးပိုင်နင်း...သူ့ကိုဘယ်သူကအရှေ့မှာထိုင်ခိုင်းလို့ဟုအချဥ်​ပေါက်စွာတွေးဖြစ်လိုက်သေးသည်။

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteWhere stories live. Discover now