Notice 🚨(Important)

Start from the beginning
                                    

(၃) အုပ်ပေမယ့် ဇာတ်လမ်းက အဆက်အစပ်မရှိတော့ နောက်အကုန်လုံးပြီးသွားလည်း ကြိုက်တဲ့စာအုပ်ကို ကြိုက်သလို စဖတ်လို့ရပါတယ်။ လောလောဆယ်တော့ Book One ကိုပဲ အရင်ပြီးအောင်ရေးသွားပါမယ်။

☘️ နောက်တစ်ခုပြောမှာက Yupar ရဲ့ စာအုပ်တွေကို Sarmyarchate မှာလည်း Kristine Yupar ဆိုတဲ့ အကောင့်ကနေ စမ်းတင်ကြည့်ထားပါတယ်။ တကယ်လို့ Sarmyarchate လည်း သုံးတယ်ဆို follow လုပ်ပေးကြပါဦး။ ပြီးတော့ Yupar တို့ သူငယ်ချင်းတွေ စုပြီးထောင်ထားတဲ့ Dozen Pleasure website မှာလည်း သွားဖတ်လို့ရပါတယ်။

☘️ နောက်ဆုံး အရေးအကြီးဆုံးတစ်ခုပြောချင်တာကတော့ စာဖတ်သူတွေအားလုံး ကျန်းမာရေး ဂရုစိုက်ကြပါနော်။ covid third wave က ပြန်ဖြစ်နေပါပြီ။ စာရေးသူက ဆရာဝန်ဆိုတော့ ပိုပြီးတော့ စိတ်ပူပါတယ်။

- mask တပ်ကြပါ။ (မေးမသိုင်းကြနဲ့နော်၊ ပါးစပ် နှာခေါင်း သေချာလုံအောင်တပ်ပါ)

- တပ်ပြီးသား mask ကို သေချာစနစ်တကျ အဖုံးပါတဲ့ အမှိုက်ပုံးထဲမှာ စွန့်ပစ်ကြပါ။

- လက်ကို ဆပ်ပြာနဲ့ သေသေချာချာဆေးကြပါ။

- အပြင်ကပြန်လာရင် အဝတ်အစားချက်ချင်းလဲပါ။

- ဖျားနာချောင်းဆိုးတယ်ဆိုရင် ကိုယ့်ဘာကိုယ်သီးသန့်ခွဲနေကြပါ။

- ကိုယ်ခံအားကောင်းအောင် အာဟာရစုံအောင် စားပါ၊ ရေများများသောက်ပါ၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ၊ အိပ်ရေးဝဝအိပ်ပါ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ။ (အားဆေးတွေ အလွန်အကြူးသောက်ဖို့မလိုပါဘူး။ သောက်ချင်သပဆို Multivitamin တစ်မျိုးလောက် သောက်ရင် ရပါပြီ။ အခုလူတွေသသောက်များနေတဲ့ vitamin D တွေက အမှန်တော့ မလိုအပ်ပါဘူး။ vitamin D က နေရောင်ကနေ ကိုယ်လိုသလောက်ရနေပြီးသားပါ။ အင်မတန်ချို့တဲ့ရောဂါရနေတဲ့လူမှ မဟုတ်ရင် သောက်စရာမလိုပါဘူး။ vitamin D တွေ အရမ်းများရင် ကျောက်ကပ်ထိတတ်ပါတယ်)

- ရောဂါအခံရှိတဲ့လူဆိုရင် ကိုယ်သောက်နေကြဆေးလေးတွေ မပြတ်အောင် ပုံမှန်သောက်ပေးကြပါ။

- အခန်းတွေကို လေဝင်လေထွက်ကောင်းအောင်ထားပါ။

- တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေကြပါ။

Royal SecretWhere stories live. Discover now