အပိုင်း-(၁)

Mulai dari awal
                                    

Jeonမိသားစုရဲ့ အငယ်ဆုံးသား ဂျွန်ဂျောင်ကုနဲ့ လက်ထပ်ထားလို့ပဲလား။
ပတ်ဝန်းကျင် ဘယ်လိုတွေးလဲမသိပေမယ့် ဂျီမင်းကတော့ လုံးဝမ​ကြိုက်ပါ။
အထူးသဖြင့် သူ့ကိုရွံသလို၊ မုန်းသလို ကြည့်တဲ့အဲ့အကြည့်တွေကို...။ ဂျွန်ဂျောင်ကုအမေ သူ့ယောက္ခမကတော့ သားမျက်နှာကြောင့် သူ့ကို အလိုက်အထိုက်ဆက်ဆံပေးပေမယ့် ကျန်တဲ့မိသားစုဝင်တွေကတော့ သူ့ကိုအငယ်ဆုံးသားလေးရဲ့ ယောကျာ်းဆိုပြီး မကြိုဆိုချင်ကြသည်ကတော့ အသေအချာပါပဲ။

မိန်းကလေးတွေတောင် လိုက်မမှီတဲ့အလှမျိုးနဲ့ ကောင်လေးကို ဘာလို့မုန်းတီးနေကြတာလဲ..။
ပတ်ဂျီမင်းက Parkလုပ်ငန်းစုရဲ့ မွေးစားသားဖြစ်နေတာရယ်၊ သူ့ရဲ့မွေးစားအဖေက ဂျွန်ဂျောင်ကုရဲ့ အဖေကို လုပ်ကြံထားလို့ ဆိုတဲ့အချက်တွေကြောင့်ပဲလား။

အိမ်ထဲကိုဝင်လိုက်​တော့ သူ့တစ်ကိုယ်လုံးသေးသိမ်သွားသယောင်။ အထူးသဖြင့် သူ့ကိုအပြစ်သားလို ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ သူလုံးဝမနေချင်ပါ။

"ဒီနေ့အတွက် အားတင်းထား ဂျီမင်း"

ကိုယ့်ကိုကိုယ် အသံတိတ်အားပေးပြီး ထမင်းစားပွဲမှာ ခပ်တည်တည် ဝင်ထိုင်လိုက်သည်။ အစ်မကြီးကတော့ မျက်နှာပြောင်လိုက်တာ ဆိုတဲ့ မျက်နှာပေးနဲ့ သူ့ကိုကြည့်လာသည်။
ကြည့်လဲမတတ်နိုင်ပါ။ ပတ်ဂျီမင်းဘဝမှာ တစ်မျက်နှာကို တစ်ကမ္ဘာ လို့သတ်မှတ်ထားတာဆိုလို့ ဂျွန်ဂျောင်ကုတစ်ယောက်သာ ရှိသည်။ ထမင်းဝိုင်းလေးကတော့ ဇွန်း၊ ခက်ရင်းသံကလွဲလို့ ပြင်ပအသံများ တိတ်ဆိတ်နေသည်။ ယောက္ခမကြီး စကားမစခင်အထိပေါ့။

"သား...ကုမ္ပဏီကိစ္စတွေအကုန် အဆင်ပြေရဲ့လား"

"ပြေပါတယ် မေမေရဲ့၊ သားသေချာကိုင်တွယ်နိုင်ပါတယ်"

"အေးကွယ် ငါ့သားလေးကို မေမေက ဒီလိုအလုပ်ထဲနစ်မြုပ်နေတဲ့သူထက်စာရင် သားသမီးတွေနဲ့ ဇနီးနဲ့ ပျော်ရွှင်နေတဲ့သူ ဖြစ်စေချင်တာ"

ထိုစကားအဆုံးမှာတော့ ဂျီမင်းရဲ့ လှုပ်ရှားမှုတွေ အကုန်ရပ်တန့်သွားသည်။ ဂျောင်ကုကတော့ ဂျီမင်းကို ခပ်စွေစွေကြည့်လိုက်သည်။ ဒါကိုလည်း သူမျက်လုံးထောင့်ကနေ မြင်ဖြစ်အောင် မြင်လိုက်ပါသေးသည်။

~ပင်လယ်လို မောင်~(ပင်လယ်လိုမောင်)//CompleteTempat cerita menjadi hidup. Temukan sekarang