"ဒါ ကိုယ်တို့ရဲ့ပထမဆုံးညကပုံ..။သဲမူးတုန်းကလေ...။အဲ့တုန်းက ကိုယ့်မှာ သဲကိုဖက်ထားရင်းနဲ့ အချိန်တွေကုန်သွားမှာစိုးနေရတာ...။တစ်ညလုံးမအိပ်ဖြစ်ခဲ့ဘူး..."
"ဒါက မန်းလေးတောင်မှာ...။သဲကိုဇွတ်ဖက်ပြီးရိုက်လို့ စိတ်ဆိုးသွားတုန်းက...။ကြည့်ပါဦး..ကိုယ့်ကို စိတ်ဆိုးဖို့မေ့နေတာ ချစ်စရာလေး...။ဒါ ကိုယ်တို့ရဲ့ ပထမဆုံးတွဲရိုက်တဲ့ပုံပဲ သိလား..."
"ဒါက ဦးပိန်မှာ...။သဲက selfie အရိုက္မခံတော့ ရရာရိုက်ထားရတာ..."
ထိုကဲ့သို့ တစ်ပုံပြီးတစ်ပုံ ပြရင်း ပြောရင်းဖြင့် စိတ်ပြေအောင်ချော့နေရင်းမှ သူက
"ဒါနဲ့ သဲ ကိုယ့်ရဲ့အကောင့်ကို အခုထိ လက္မခံရသေးဘူးနော်...။ကိုယ်က fb သိပ်မသုံးဖြစ်လို့သာ မပြောဖြစ်သေးတာ..။အခုလက်ခံပေး..."
ထိုအခါ သူမက နှုတ်ခမ်းစူပြီး သူ့ကိုမကြည့်ဘဲ မျက်နှာကိုခပ်လွှဲလွှဲထား၍
"တော်ပါပြီ လက္မခံချင်ဘူး...။ဇယားတွေရှုပ်လွန်းလို့"
"ကိုယ့်ယောက်ျားကိုယ်လက်ခံတာကို ဘာကိစ္စ ဇယားရှုပ်ရမှာလဲ...။လက်ခံပေးနော်....အခုပြောလို့မရရင် ကိုယ် ဘယ်အချိန်မှာပြောမလဲ သိတယ်မို့လား..."
"ရှင်..ယုတ်မာလိုက်တာ...။အချိန်တိုင်း အဲ့လိုပဲ ခြိမ်းခြောက်ပြီးတော့ ကျွန်မကိုအနိုင်ကျင့်နေတော့မှာလား..."
"သဲက ကောင်းကောင်းပြောနေတုန်း လက်ခံပေးလေကွာ.....။ကိုယ်လဲ အဲ့လိုမလုပ်ချင်ပါဘူး..."
သို့နှင်ပင် စကားမရှည်ချင်တော့သည့်သူမက ဆက်ပြောမနေတော့ဘဲ မျက်စောင်းတစ်ချက်ထိုးကာ ph ကိုယူပြီးလက်ခံပေးလိုက်သည်။ထိုအခါ သူက ချက်ချင်းပင် Marriage တွေတန်းချိတ်ကာ တောင်ဝိုင်းတုန်းက သူကျောပိုးထားချိန် တစ်ယောက်နှင့်တစ်ယောက် ရယ်မောပြီးကြည့်နေသောပုံကို profile ချိန်းသည်။ပြီးလျှင် သူမ၏ ph ကိုပါ ဆွဲယူပြီး ဇွတ်ဖွင့်ခိုင်းရင်း ဆင်တူချိန်းပြန်သည်။ထိုမျှနှင့်အားမရနိုင်သေးဘဲ About မှာပါ married to Shine Thurein Lynn လုပ်ပစ်ရင်း ကျေနပ်ပြီဆိုမှ phကိုပြန်ပေးကာ သူ့အကောင့်ကို ပြုံးပြုံးကြီးကြည့်နေလေသည်။သူမကတော့ မျောက်အုန်းသီးရသလိုဖြစ်နေသောသူ့ကို ရယ်လည်းရယ်ချင်မိရင်းမှ စိတ်ကုန်စွာနှင့်ပင် အသာကြည့်နေလိုက်တော့သည်။
ထို့နောက်တွင်မူ မနက်ဖြန်ဖွင့်ပွဲမှာ တစ်နေကုန်အလုပ်ရှုပ်ရဦးမည်မို့ သူက စောစောအိပ်ခိုင်းလေလျှင် နွေးထွေးလှသောသူ့ရင်ခွင်မှာ သူမက မနက်ဖြန်အတွက်ကို ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ကြိုတင်စီစဉ်တွေးတောရင်း အိပ်ပျော်သွားခဲ့ရလေသည်။
----------------------****************-----------------------
အိပ်ပျော်သွားကြပြန်ပြီ🙂
တကယ်တော့ YATOE ကိုဖတ်ရတာက ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ကိုဖတ်နေရတာထက် တစ်ခါတလေကျရင် Documentary တစ်ခုကိုကြည့်နေရသလိုမျိုးကြီး ခံစားရလောက်ပါတယ်...။
ဇာတ်လမ်း ဇာတ်ကွက်ရယ် အချိုးအကွေ့ရယ် အလှည့်အပြောင်း ဘာညာရယ်လဲမရှိဘဲနဲ့ သူတို့ရဲ့ နေ့စဉ်ဘဝကို တစ်ရက်ပြီးတစ်ရက် ရေးထားတော့ အိပ်ရာထ အိပ်ရာဝင်နဲ့ပဲ ပြီးနေတော့တာပဲ...။ဆောရီးပါ...😸
အဓိကကတော့ နှစ်ယောက်သား ပလူတူးကြတဲ့အခိုက်အတန့်၊တစ်ယောက်နဲ့တစ်ယောက် ပြုမူကြတဲ့အပြုအမူတွေကိုပဲ အသားပေးရေးထားတဲ့ပုံစံမျိုးပေါ့။
ဒါကိုမှ အကောင်းမြင်ပေး ကြိုက်ပေးကြတယ်ဆိုတော့လဲ သာသာကတော့ ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာရပါတယ်❤️
ဖတ်နေတဲ့အချိန်မှာ Dopamine တွေထွက်လို့ စာဖတ်သူတို့ စိတ်ချမ်းသာသွားရတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။စာရေးတာနဲ့ပတ်သက်တဲ့ မျှော်မှန်းသမျှကန့်သတ်ချက်ကတော့ ဒီလောက်ပါပဲ။
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...
❤️Home❤️💒
Start from the beginning
