❤️Home❤️💒

Start from the beginning
                                        

"ရှင်..ရှင် ပုခက်ထဲမှာ ကျွန်မတို့ရှိနေတုန်းကရော ရိုက်ထားသေးလား..."

သူက လန့်နေသော သူမ၏မျက်နှာလေးကိုကြည့်ပြီး ရယ်ချင်ပက်ကျိဖြင့်

"မရိုက်ထားပါဘူး သဲရဲ့။ကိုယ်ဖြင့် အဲ့တုန်းက ဓာတ်ပုံရိုက်ဖို့မပြောနဲ့..၊ဘာမှတောင် စိတ်ထဲမရှိနိုင်ဘူး...။သဲကိုပဲ စိတ်ထဲရှိပြီးတော့ သဲလက်ခုပ်ထဲရေ ဖြစ်နေရတာ...။စိတ်မပူနဲ့ အဲ့တုန်းက ဘာကင်မရာမှမရှိဘူး..."

သူ့အ‌ဖြေကြောင့် သူမက စိတ်သက်သာရာရသွားသော်လည်း ထပ်ပြီးသတိရကာ

"ရှင် ကျွန်မတို့အခန်းထဲမှာတော့ ကင်မရာတွေဘာတွေ မထားထားပါဘူးနော်.."

ထိုအခါ သူမ၏အမေးကို သူက ငါးခူပြုံးပြုံး၍ စိုက်ကြည့်လာပြီးလျှင်

"သဲက ဘယ်လိုထင်လို့လဲ..."

"ဟင်..ရှင် တကယ်တော့မထားလောက်ပါဘူးနော်...။အဲ့လိုတွေ လုပ်ရဲရင်လုပ်ကြည့်..၊ချက်ချင်းကွာရှင်းပစ်မှာ..."

"ဟင်းဟင်း ကွာရှင်းပစ်ရင် ပိုဆိုးသွားမှာပေါ့...။အဲ့ဒါတွေက ကိုယ့်လက်ထဲမှာပဲ တစ်သက်လုံးရှိနေမှာလေ...။လင်မယားဖြစ်နေတုန်းက တော်သေးတယ်...။သူစိမ်းရဲ့လက်ထဲမှာ အဲ့ဒါတွေကို ထားရဲလို့လား..."

ထိုကဲ့သို့ ပြုံးစိစိပြောနေသောမျက်နှာကိုကြည့်ရင်း သူမကတော့ မျက်နှာတစ်ခုလုံးရဲတောက်ကာ

"ရှင် မယုတ်မာနဲ့နော်...။တကယ်ရိုက်ထားတာလားပြော..။ကျွန်မစိတ်တိုလာပြီ အရမ်းရှက်ဖို့ကောင်းတယ်..."

ပြောရင်း မျက်ရည်တွေဝဲလာသောသူမလေးအား သူက ဆက်ပြီးစဖို့စိတ်မကူးတော့ဘဲ စိတ်လှုပ်ရှားမှုကြောင့် ပူကြပ်နေသောမျက်နှာလေးကို လက်နှစ်ဖက်နှင့်ညှပ်ကိုင်လိုက်ရင်း

"ဘာလို့ရိုက်ထားရမှာလဲ သဲရယ်....။အဲ့လိုရိုက်ထားရအောင် တစ်ခါနှစ်ခါ အတူတူနေတာလဲ မဟုတ်ဘူး...။ကိုယ်တို့ကလင်မယားတွေလေ....၊တစ်သက်လုံးအတူတူနေသွားကြရမှာ...။စိတ်မတိုနဲ့တော့နော် အဲ့လိုတွေတကယ်မရှိဘူး..."

ပြောပြီး ကျချင်နေသောမျက်ရည်တွေကို လက္မနှင့် အသာအယာပွတ်သုတ်ပေးကာ ခေါင်းလေးကိုဖွဖွပွတ်သပ်ရင်း ချော့ရသည်။ပြီးလျှင် စိတ်ငြိမ်သွားအောင် ရင်ခွင်ထဲထည့်ကာ ပုံတွေပြရင်းနှင့် အာရုံလွှဲလိုက်သည်။

You are the only Exception!Where stories live. Discover now