❤️Home❤️💒

Comenzar desde el principio
                                        

"ဟန်းနီးမွန်းလေ....သဲရဲ့။အမှတ်တရဖြစ်မှ ဖြစ်မှာပေါ့...။ Memory တွေက အရေးကြီးတယ်...။ဒီအချိန်တုန်းက ကိုယ်တို့ရဲ့ပုံရိပ်တွေဆိုတာ နှစ်ခါပြန်မရနိုင်ဘူး...။အဲ့ဒါကြောင့်မို့ ပြန်ကြည့်တိုင်းကြည်နူးနေရအောင် ကိုယ်က ဒီလိုမျိုးမှတ်တမ်းတင်ထားရတာ..."

ထိုအခါ သူမက မျက်ခုံးတွေတွန့်ပြီး သူ့ကိုကြည့်ကာ

"အဲ့ဒါဆို သူတို့က နောက်ကနေ တောက်လျှောက်လိုက်ပြီးတော့ ရိုက်နေတာလား..."

"ဟုတ်တယ်လေ..ကိုယ်တို့သွားတဲ့နေရာတိုင်း လိုက်ပေးတာ...။ဒီ photographer က အရမ်းတော်တယ်...။သူ့ကို မသွားခင်ကတည်းက သူရိုက်တဲ့ပုံတွေကြည့်ပြီးတော့ သဘောကျလို့ ကြိုပြောထားရတာ...။အဟွန်း..ကိုယ်ကတော့ကြိုက်တယ်...။ပုံတွေက အရမ်းသဘာဝကျလို့.."

သို့နှင့်ပင် သူမသည်လည်း သူကြည့်နေသောပုံတွေကို အတူတူလိုက်ကြည့်လိုက်လျှင် လည်ခဲ့သမျှနေရာတွေအကုန်လုံးက သူမတို့၏ပုံရိပ်တွေအား တစ်နေရာမှမကျန်အောင် အကွက်စေ့စွာရိုက်ထားသည်ကို တွေ့ရ‌လေသည်။တမင်တကာအိုက်တင်လုပ်ခိုင်းပြီး ရိုက်ထားခြင်းမျိုးမဟုတ်ဘဲ သူမတို့၏လှုပ်ရှားမှုတွေကို မသိအောင်ရိုက်ထားခြင်းဖြစ်သည်မို့ ပုံတွေက သဘာဝကျကျလှပကာ အမှန်တကယ်ကြည့်ကောင်းလှပေသည်။ထိုသို့ဖြင့် တစ်ပုံချင်းစီကြည့်နေရင်းမှ ရေကူးကန်ထဲမှာ နှစ်ယောက်သားပူးကပ်ပြီး အတူတူရေကူးနေကြသောပုံကိုတွေ့လိုက်ရလျှင် သူမက အလန့်တကြားဖြင့်

"ဟာ..အဲ့ဒါဘာလဲ...။သူတို့က အခန်းရှေ့ထိလာရိုက်နေကြတာလား...။စိတ်ပျက်လိုက်တာ...၊သူများတွေရှေ့မှာ နေချင်သလို နေနေမိတာပေါ့..။အဲ့ဒါကို ရှင်က သိရက်နဲ့ အဲ့လိုတွေလုပ်နေတာလား..."

"အော်..သဲရယ်...၊ကိုယ်က ဘီကီနီဝတ်ထားတဲ့သဲကို ဘာကိစ္စလူမြင်ခံရမှာလဲ...။အဲ့တုန်းက ကိုယ် ကိုယ်တိုင် stand နဲ့ထောင်ပြီးတော့ timing ချိန် ရိုက်ထားတာ...။တစ်ပုံနှစ်ပုံပဲရပေမဲ့ ကိုယ်ကတော့ကျေနပ်တယ် ဟင်းဟင်း..."

သူမက မျက်စိရှေ့မှာ ကျေနပ်အားရစွာပြောနေသော သူ့ကိုကြည့်ရင်း ပုခက်ထဲမှအဖြစ်ကို သတိရသွားမိလျှင် အလန့်တကြားဖြင့် သူ့ကိုမေးရပြန်သည်။

You are the only Exception!Donde viven las historias. Descúbrelo ahora