------------------------*************------------------------
ဒီရက်ပိုင်းတွေမှာတော့ နှစ်ယောက်လုံးက ဟိုတယ်ဘက္မှာပင် အများဆုံးအချိန်ကုန်ကာ အလုပ်ရှုပ်နေကြရပြီးသည့်နောက် ဘာလိုလိုနှင့် မနက်ဖြန်ဆို ဖွင့်ပွဲနေ့ရောက်လေပြီ။သီဟနှင့်ဝင့်ဝါကိုလည်း လာခဲ့ရန်ပြောထားသည်မို့ ဒီနေ့ညတက်လာကြမည့် လွမ်းနေရသောဝင့်ဝါမနှင့်အတူ ဝူးဝူးဝါးဝါးတွေအကြာကြီး ph ပြောကာ အခန်းထဲပြန်ဝင်လာလိုက်လျှင် အစောတုန်းက ရေချိုးနေသောသူသည် အခုတော့ ဆိုဖာမှာထိုင်ရင်း laptop ကို သေချာစူးစိုက်ကြည့်နေသည်အား တွေ့ရလေသည်။ထို့နောက် အခန်းထဲသို့ဝင်လာသော သူမကိုမြင်သည်နှင့် လက်ယပ်လှမ်းခေါ်လာကာ
"သဲ လာ..ဒီမှာ လာကြည့်လှည့်..."
ထိုအခါ သူမက အလုပ်အကြောင်းပြောမည်ထင်၍ ကပျာကယာသွားကာ ဘေးမှာဝင်ထိုင်လိုက်လျှင် သူက ထုံးစံအတိုင်း ရင်ခွင်ထဲဆွဲသွင်းပြီး ပခုံးကိုသိုင်းဖက်ထားရင်းမှ laptop screen ကို ပြလာသည်။သို့နှင့် သူမက ကြည့်လိုက်လျှင် မြင်လိုက်ရသည့်ရုပ်ပုံမှာ တောင်စွန်းပေါ်မှ လှပလွန်းသော view နောက်ခံ၌ သူနမ်းနေသည်ကို မျက်လုံးတွေမှိတ်ပြီး ခေါင်းလေးမော့ကာ ခံယူနေသော သူမ။
ဟင်..။
ဒါက တောင်ဝိုင်းတောင်မှာ သူနမ်းတုန်းကမို့လား...။
အဲ့ဒါကို ဘယ်သူက ပုံတွေရိုက်ထားတာလဲ...။
အတွေးနှင့်အတူ သူမက တစ်ဆက်တည်းမှာပဲ အလန့်တကြားဖြင့် သူ့ကိုမော့ကြည့်လိုက်လျှင်
"ကိုယ်တို့ဟန်းနီးမွန်းတုန်းက ပုံတွေရလာပြီလေ...။ဘားအံက ဓာတ်ပုံဆရာက ပို့ပေးလာတာ...။ပုံထွက်တွေတကယ်ကောင်းတယ် ကြည့်ကြည့်.."
သူကသာ ထိုကဲ့သို့ အားရပါးရပြောသွားသော်လည်း သူမကတော့ ဆွံ့အကာနေရင်း ဘာမှပြန်မပြောနိုင်သေးပေ။
နေပါဦး...။
သူနဲ့ နှစ်ယောက်တည်းပဲလည်ခဲ့ပတ်ခဲ့တာကို ဘယ်ကဓာတ်ပုံဆရာက ရိုက်ထားတာလဲ...။
ထိုသို့ဖြင့် မေးခွန်းတွေအပြည့်ဖြစ်နေသော သူမ၏မျက်ဝန်းတွေကို သူက ခပ်ပြုံးပြုံးစိုက်ကြည့်လာရင်းမှ
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...
❤️Home❤️💒
Start from the beginning
