❤️Home❤️💒

Comenzar desde el principio
                                        

"အွန်း သဲလေးသဘော..."

ထိုအပြောကြောင့် သူမက မျက်စောင်းထိုးလိုက်ရင်း

"နေရာတကာ ကျွန်မသဘောပဲ ပြောမနေနဲ့လေ...။စီနီယာတစ်ယောက်အနေနဲ့ ကောင်းသည်ဆိုးသည် ပြောမယ်မရှိဘူး...။လုပ်ငန်းပိုင်းမှာ ကျွန်မက ရှင့်ကို အထင်ကြီးထားတာ မှားတာပဲ..."

"ကောင်းသည်ဆိုးသည် ပြောနေရလောက်စရာကိစ္စက အခုထိ တစ်ခုမှမရှိသေးဘူးလေ...။သဲ လုပ်နေတာ ပြောနေတာတွေက အဆင်ပြေနေတာပဲကို ကိုယ်က ဘာကိုထောက်ပြနေရဉီးမှာလဲ..."

သူ့စကားကို သူမက စူပုပ်ပုပ်ဖြင့်သာနေရင်းမှ ဘာပြောရမှန်းမသိတော့သည်မို့ ထိုင်နေရာမှထကာ

"တော်ပြီ ပြောစရာရှိတာပြောပြီးပြီ...။အလုပ်လုပ်တော့ ကျွန်မအိပ်တော့မယ်..."

ပြောပြီး ထသွားရန်ပြင်လိုက်သည့်သူမအား သူက စွေ့ခနဲ ပေါင်ပေါ်တင်လိုက်ရင်းမှ တင်းနေအောင်ဆွဲဖက်ထားကာ

"နေဦးလေ.....၊ပြီးမှ တူတူအိပ်ကြမယ်...။အခု ကိုယ် အလုပ်လုပ်တာကြည့်..။လုပ်ငန်းပိုင်းမှာ သင်ချင်တာဆို...။ဘာတွေကို ဘယ်လိုစစ်ရလဲဆိုတာ ပြပေးမယ် လာ..."

ပြောရင်း သူက laptop ကိုရှေ့တိုးကာ သူမကိုသိုင်းဖက်ထားရင်းမှ သင်ပြပေးလာသည်။သို့နှင့်ပင် ရှင်းလင်းပြတ်သားစွာပြောပြနေသော သူ့အပြောတွေကို စိတ်ဝင်တစားနားထောင်‌နေရင်း မထင်လျှင်မထင်သလို တဖွဖွနမ်းလာတတ်သောအနမ်းများကိုလည်း အလုပ်အကြောင်းပြောနေချိန်မို့ သည်းခံ‌ပေးနေရသည်။

သူကတော့ ရင်ခွင်ထဲမှာငြိမ်ငြိမ်လေးနေ၍ မျက်လုံးလေးတွေတောက်ကာ သူပြောသည့်စကားများကို သေချာစိတ်ဝင်တစားနားထောင်နေသော သူမလေးကိုကြည့်ပြီး အူတွေယားလာရသော်လည်း ဒီရက်ပိုင်းကိုတော့ လွှတ်ပေးထားရန်စိတ်ကူးထားသည်။ဆက်တိုက်အလုပ်များနေမည့်ရက်တွေမှာ အခုမှ တာဝန်ကြီးကြီးယူထားရသောသူမအတွက် ဖိအားများနေမှာစိုးသောကြောင့် ပင်ပန်းစေမည့်ကိစ္စမှန်သမျှ ဘာကိုမှမလုပ်စေချင်။ထို့ကြောင့်ပင် ဖွင့်ပွဲမပြီးမချင်း အလုပ်ရှုပ်နေမည့်ရက်တွေမှာတော့ သူ့ရဲ့ထကြွနေသောစိတ်ကို အတတ်နိုင်ဆုံးဖိနှိပ်ထားကာ ပြီးစီးသွားမှသာလျှင် ထိန်းချုပ်ထားသမျှအကုန်လုံးပေါင်း၍ အတိုးချပြီးချစ်ရပေတော့မည်။

You are the only Exception!Donde viven las historias. Descúbrelo ahora