"ရှင့်ကို ပြောစရာရှိတယ်.."
ထိုအခါ သူက laptop ဆီကနေ ချက်ချင်းအကြည့်လွှဲ၍ ဘေးမှာဝင်ထိုင်လိုက်သောသူမအား စေ့စေ့ကြည့်ကာ တစ်ချက်ပြုံးလိုက်ရင်းမှ
"ထူးထူးဆန်းဆန်း....၊ကိုယ့်ကို သဲလေးက ပြောစရာရှိတယ်ဆိုပါလား..."
ပြောပြီး ပခုံးကိုသိုင်းဖက်ကာ ပြုံးစစဖြင့်
"ဘာလဲ..ကိုယ့်ကိုချစ်တယ်လို့ ပြောတော့မလို့လား..."
ထိုစကားကြောင့် စကားအကောင်းပြောမည့်သူမက စူပုပ်သွားမိရင်း သူ့လက္မောင်းကို ဖျတ်ခနဲရိုက်ကာ
"ရှင်နော်..အတည်ပြောမလို့ကို ပြောင်ချော်ချော် လုပ်မနေနဲ့။တကယ်ပဲ...လူကြီးဖြစ်ပြီးတော့ တည်တည်တံ့တံ့ကိုမရှိဘူး..."
"အဟွန်း ဟုတ်ပြီ အခုကစပြီး တည်တံ့ပြီ...။ပြော..ဘာပြောချင်လို့လဲ ကိုယ့်ရဲ့အသဲက"
ထိုသို့ပြောကာ သူမကိုသေချာကြည့်လာလျှင် သူမကလည်း သူ့မျက်နှာကို တည့်တည့်စိုက်ကြည့်၍
"ကျွန်မကို လစာနဲ့ပေးပြီးတော့ပဲ အလုပ်လုပ်ခိုင်း...။ဒီနေရာကိုယူထားပေမဲ့ ရှင့်လက်အောက္မှာ လစာနဲ့ပဲ ဝန်ထမ်းလုပ်မယ်...။အဲ့လိုလုပ်နေတဲ့အတောအတွင်းမှာ လုပ်ပုံကိုင်ပုံကိုကြည့်ပြီးတော့ ရှင်သဘောမကျရင် အချိန်မရွေးဖြုတ်လို့ရတယ်...။ဖြုတ်ပြီးတော့ တကယ်အရည်အချင်းရှိတဲ့သူ၊ဒီနေရာနဲ့ ထိုက်တန်သင့်တော်တဲ့သူကိုပဲ တာဝန်ယူခိုင်း...။ကျွန်မကို ဘာမှထောက်ထားနေစရာမလိုဘူး...။ဒီလိုလုပ်မှ ကျွန်မက စိန်ခေါ်မှုရှိပြီးတော့ ကြိုးစားချင်စိတ်ရှိမှာ...။ဒီအတိုင်းကြီး နေရာတက်ယူထားပြီးတော့ ကြောင်တောင်တောင်နဲ့ အလုပ်မလုပ်ချင်ဘူး...။အဲ့ဒါ ရှင် လက်ခံလား..."
သူမက ခေါင်းလေးမော့ပြီး ဘေးဘက်ကသူ့ကိုတည့်တည့်ကြည့်ကာ အားနှင့်မာန်နှင့်ပြောနေလျှင် ထိုပုံစံကို ပြုံးပြီးငေးစိုက်ကြည့်နေသောသူက စကားနှင့်ပြန်မဖြေဘဲ ပါးလေးကိုကိုင်၍ နှုတ်ခမ်းတွေဆီသို့ ညင်သာစွာနမ်းရှိုက်လာသည်။ပြီးလျှင် စိတ်တိုင်းကျနမ်းရှိုက်ပြီးမှ ပြန်လွှတ်ပေးကာ
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...
❤️Home❤️💒
Start from the beginning
