Hold Me 🌻 21 (U)

3K 171 51
                                    

အေးမြသောလေပြည်ညင်း၏ရိုက်ခတ်မှုက ကားထိုင်ခုံမှာ အိပ်ချင်မူးတူးဖြစ်နေသော ဘတ်ဟျွန်းလေးကို လှုပ်နှိုးလိုက်သလိုဖြစ်စေသည်။

မနက်စောစော အိမ်ကထွက်လာပြီး မိနစ်ပိုင်းလောက်ကတည်းက ကားပေါ်မှာအိပ်ပျော်သွားခဲ့လို့ ချန်းယောလ်လည်းမနှိုးရက်။ သိုးမွေးဦးထုပ်ဖြူဖြူနဲ့ နီညိုရောင် မာဖလာအကြီးကြီးအောက်မှာ မျက်လုံးလေးတွေသာပေါ်နေတော့တဲ့ ကလေးငယ်ကို လည်ပင်းနာမှာစိုးပြီး သူခေါင်းစောင်းတဲ့ဖက်မှာ ခေါင်းအုံးအသေးလေးလိုက်ခုပေးရသည်။

ပင်လယ်ကမ်းစပ်နဲ့နီးလာလေလေ... လေအေးအေးတွေပိုတိုက်လေမို့ တဝက်ဖွင့်ထားတဲ့ ပြတင်းပေါက်ကိုအဆုံးထိပိတ်ဖို့ပြင်ကာမှ ဘတ်ဟျွန်းနီးက မျက်လုံးလေးတွေပွတ်သပ်ရင်း နိုးလာတော့သည်။

" ဦး... "

" အိပ်ချင်သေးရင် အိပ်ဦးလေ...
ရောက်ဖို့လိုသေးတယ် "

ကားပြတင်းပေါ်အပြင်ကိုငေးကြည့်ရင်း ခေါင်းခါလိုက်သူမှာ ဦးထုပ်ပေါ်က အလုံးလေးတလှုပ်လှုပ်နဲ့ ချစ်စရာကောင်းလွန်းသည်။ အာသီးနီနီလေးမြင်ရတဲ့အထိ ဝှားခနဲသမ်းဝေပြီး ဘေးဘီမြင်ကွင်းတွေကို ငေးမောကြည့်ရာက မျက်နှာလေးတဖြည်းဖြည်းပြုံးလာတော့သည်။

" ပင်လယ်ကိုရောက်နေတာလားဟင် "

" ပင်လယ်နဲ့နီးတဲ့မြို့လေးလေ.. ဒီမှာ တမနက်လုံးနေပြီးမှ ဘတ်ဟျွန်းနီးနေခဲ့တဲ့ ရွာလေးဆီ သွားကြမယ် "

" အီးးးးယားးးး "

" ဘာဖြစ်လို့တုန်း "

" ဦးနဲ့ ပထမဆုံး date ဆိုတာမယုံနိုင်ပါဘူးဆိုမှ...
ဒီအထိ ရောက်လာပြီတဲ့လား "

မာဖလာထဲမှာမျက်နှာလေးဖွက်ထားပြီး ဗလုံးဗထွေးပြောလိုက်တဲ့စကားကို ဦးကကြားပုံမပေါ်။ ကားမောင်းရင်းတဖက်နဲ့ ထပ်ထပ်ပြီးမေးနေပြန်တော့ ဘာမှမဟုတ်ဘူးလို့ပြောပြီး အတွင်းကျိတ်ကြည်နူးနေလိုက်တယ်။

လွန်ခဲ့တဲ့ တလမှာ အဖြစ်အပျက်အပြောင်းအလဲတွေနည်းနည်းပါးပါးတော့ရှိခဲ့တယ်ပြောရမယ်။ ဦးရဲ့မိဘတွေသဘောမတူမှာစိုးပြီး ကြောက်ဒူးတုန်နေရတဲ့ဘဝကနေ နည်းနည်းပိကျိလေးလွှတ်ပေးခံရတော့ နှလုံးပီတိဂွမ်းဆီထိရတဲ့အခြေအနေကို ရောက်ခဲ့ပြီဆိုပါတော့။

Hold Me (Z+U) 🌻 Onde as histórias ganham vida. Descobre agora