Hold Me 🌻 14 (uni)

2.3K 257 24
                                    

ရာသီစက်ဝန်းတစ်ပတ်လည်၍ အချိန်ကာလတို့သည် ဆောင်းဥတုသို့တဖန် ချဉ်းနင်းဝင်ရောက်လာပြီဖြစ်သည်။

အပြာရောင်စက်ဘီးကိုလက်ကိုင်လေးမှ တွန်းရင်းလျှောက်လာသော ဘတ်ဟျွန်းရဲ့ဘေးမှာ လွယ်အိတ်စလွယ်သိုင်းထားသော ဆိုဟွာက ကျောင်းဝတ်စုံပြည့်နှင့်တက်ကြွနေဟန်ရှိသည်။

" ဝါးးး နှင်းတွေ ကျနေပြီပဲ ..
ဒီနှစ်အတွက် First snow နဲ့တူတယ်နော် "

ကောင်းကင်ပြာကိုမော့ကြည့်ရင်း ဝမ်းသာအားရပြောလာသောစကားကို ဘတ်ဟျွန်းမတုံ့ပြန်နိုင်။ ရင်ဘတ်ထဲမှာကြီးစိုးလာသော သတိရစိတ်ကိုဖြေဖျောက်ရင်း မျက်စိရှေ့ရောက်လာတဲ့ နှင်းမှုန်စလေးတွေကို ငေးမောနေလိုက်သည်။

~ First snow ကျတဲ့နေ့မှာ ချစ်ရသူနဲ့အတူတူရှိနေခဲ့ရင် ဒီတသက်မဝေးရတော့ဘူးလို့ ဒဏ္ဍာရီဆန်ဆန် ကြားဖူးတယ်။

အရင်နှစ်တွေက ဦးနဲ့ ကျနော် နှစ်တိုင်းနီးပါး အတူတူကြည့်ခဲ့ကြတဲ့ ဆောင်းနှင်းမြူခိုးတွေဟာ ဘာကြောင့်များ လိမ်ညာခဲ့ရပါသလဲ ~

" ဒီနေ့အရမ်းအေးမှာနော်
အနွေးထည်ယူလာရဲ့လား "

" အိတ်ထဲမှာပါတယ် "

" မာဖလာနဲ့ခေါင်းစွပ်ရော "

" အိမ်မှာ မေ့ကျန်ခဲ့တယ် ထင်တာပဲ "

" ဝတ်လာတာမဟုတ်ဘူး...
အအေးမိရင် ဘယ်လိုလုပ်မလဲ "

စိုးရိမ်ပူပန်စွာ မော့ကြည့်လာတဲ့မျက်လုံးလေးတွေနဲ့အကြည့်ချင်းဆုံတိုင်းမှာ သူအခင်ရဆုံး သူငယ်ချင်းဆိုဟွာက သူအချစ်ရဆုံး၊ တန်ဖိုးအထားရဆုံးသူတယောက်ကို ပိုပြီးသတိရစေတာမို့ အကြည့်လွှဲကာ ကျောင်းမြန်မြန်ရောက်အောင် ခြေလှမ်းတွေပိုသွက်စေလိုက်သည်။

" ဟေ့... ယွန်းဆိုဟွာ.. ဘေဘီ !! "

" ဟာ .. စောစောစီးစီး
ကျက်သရေယုတ်လိုက်တာ "

ငှက်ဆိုးထိုးသံနဲ့ ဆင်တူသော ခေါ်သံကြားလိုက်တာမို့ ပွစိပွစိမြည်တွန်လိုက်သော ဆိုဟွာ့ကို ဘတ်ဟျွန်းရဲ့ဘေးမှာ နေရာယူစေပြီးခပ်မှန်မှန်လျှောက်လာရသည်။ တုန်ယင်နေတဲ့ ဆိုဟွာ့လက်တဖက်က သူ့လက်မောင်းကို ဆုပ်ကိုင်လျက်အနေအထားမှာ သူတို့အနားရစ်ဝဲလာသော စက်ဘီးသုံးစီးထံမှ တဝိုးဝိုးအသံတွေကြားလာရသည်။

Hold Me (Z+U) 🌻 Where stories live. Discover now