Epi- 24

2.3K 201 13
                                    

Unicode

ရရရယ် ကိုလောရှည်ရယ် စိုးပေါက်ရယ် သုံးယောက်သား ကျောင်းပေါက်ဝကလေးမှာ ထိုင်နေကြခြင်း။ အကြောင်းကတော့ မတအားတွေ စားထားလို့ ဗိုက်တင်းကာ အဆီရစ်နေကြခြင်းကြောင့်။

မိဘတွေ စကားပြောနေကြသဖြင့် သွားမပြောတော့ပဲ ရလေးနှင့်သာ နေလိုက်သည်။ သုံးယောက်သား ထိုင်နေရင်း အလယ်မှာရှိနေသော ရလေးက ထရပ်လိုက်ကာ အကြောဆန့်လေသည်။ ကျွန်တော်နှင့် စိုးပေါက်လည်း ရလေးကိုသာ ကြည့်နေလိုက်သည်။

ကျွန်တော့်ကို မော့ကြည့်နေသော လောရှည်ကောင်ကို မကျေနပ်သေးပါ။ မနက်က လာတာနောက်ကျနေသည့်အပြစ်ကြောင့်။ ဆိုတော့ကား
အပြစ်ပါးပါးလေး ပေးလိုက်အုံးမည်။

" ကိုလောရှည် "

ရုတ်တရက် ထခေါ်လိုက်သော ရလေးကြောင့် ကျွန်တော် မတ်တပ်ရပ်လိုက်မိသည်။ ရင်ထဲမှာလည်း တဒိန်းဒိန်းနှင့်။

" ပြောပါ ရလေး "

အမယ်........ သဘောက ဘာပဲပြောပြော လက်ခံမည့်အသံမျိူး။

" ဟိုနေ့က ကျွန်တော်တို့သွားတဲ့ မုန့်ဆိုင်လေးလေ
အဲ့ကိုသွားချင်တယ် လိုက်ပို့ "

ဟိုနေ့ကသွားခဲ့သည့်ဆိုင်ကို သတိရအောင် ဦးနှောက်ကို အမြန်အလုပ်ပေးလိုက်တော့ ရွှေရင်အေးရောင်းသည့်ဆိုင်။

" အင်း ရလေး ကိုယ် လိုက်ပို့ပေးမယ် သွားကြမယ် ရလေး လမ်းလျှောက်သွားမလား ကားနဲ့
သွားမလားဗျာ "

ရရ စဥ်းစားလိုက်သည်။ လမ်းလျှောက်သွားရင် သေချာသည် ခြေထောက်ညောင်းမှာ။ ကားလေးနဲ့ဆို အေးဆေးပဲ။

" ကားနဲ့ သွားမှာ စိုးပေါက်ရေ သွားကြမယ် ကိုလောရှည်ရဲ့ ပိုက်ဆံအိတ်ထဲက အကောင်လေးတွေ ပျံသွားအောင် လုပ်ပစ်မယ် "

သူ့ဘာသာပြောပြီး သဘောတွေကျကာ ရယ်နေသော အသည်းညှာ။ အခွင့်သင့်ရင် ပြောပြပါအုံးမည် ရလေး ဘယ်လောက်သုံးသုံး ကိုယ့်စည်းစိမ်တွေက ဘယ်တော့မှ မကုန်ဘူးဆိုတာကိုပေါ့။

ဟော......ကြည့် ကားထဲတောင် ရောက်သွားကြလေပြီ။ ကားမှန်ချကာ ကျွန်တော့်ကို ဘုကြည့် ကြည့်နေလေသည်။ သဘောက မြန်မြန်မလာပဲ ဘာလုပ်နေတာလဲ ဆိုသည့်အကြည့်တွေ။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now