အစတွင်မူမီးဖိုချောင်သို့ ဝင်သွားရန်ကြံရွယ်လိုက်သော်လည်း နေရာပေါင်းစုံမှ ထွက်ပေါ်လာသော ဒယ်အိုးပျံ ၊ပန်းကန်ပြားပျံ ၊ ဇွန်းပျံတို့အား ရှင်း မရှောင်တိမ်းနိုင်လိုက်၍ နှဖူးတွင်အာလူးသီးထသွားသော အဖြစ်အပျက်တစ်ခုက လူကိုပြန်လည်အသိပေးနေလေသောကြောင့် မီးဖိုချောင်ဆီဦးတည်နေသော ခြေထောက်တို့ကရပ်တန့်သွားပြီး အသံသည်သာရောက်သွားလေသည်။
" ဆင့်.....အဆင်ပြေရဲ့လား....ငါလာကူဖို့လိုသေးလား "
" ရတယ်....ရတယ်...ဒီကြက်ဥခွံက အရမ်းမာနေတာ ငါဒီလောက်လုပ်နေတာတောင် မကွဲနိုင်ဘူး '
ရှင်းက တိမ်ယံဆင့်၏ ပြန်ဖြေသံကိုကြားပြီးနောက် ရင်ဘတ်ပေါ်လက်တင်လိုက်ပြီး အသံသည်သာမက ခန္ဓာကိုယ်ပါတုန်ရီနေကာ ကိုယ့်ကိုကိုယ်ပြန်နှစ်သိမ့်နေမိသည်။
" တော်သေးတယ်....တော်သေးတယ် ကြက်ဥခွံကမာနေလို့ဒီလောက်ပဲဖြစ်တာ "
ထို့နောက် တစ်ဆက်တည်းပင် မျက်ဝန်းတို့မှာ မျှော်လင့်ချက်များကင်းမဲ့နေပြီး ဆောက်တည်ရာမရဖြစ်နေသည်။ စဉ်းစားနေမိသည့်အရာမှာ ဒီတိုက်ခန်းကနေသူ အသက်ရှင်လျက်ပြန်ထွက်နိုင်ပါဦးမလားနှင် မနက်ဖြန်နေထွက်တာကို သူမြင်တွေ့နိုင်ပါဦးမလား ဆိုတာပင်။ လောလောဆယ်တော့ သူ့ဘဝလေးမှာနေဝင် နေပြီဖြစ်ပြီး မျှော်လင့်ချက် ရောင်ခြည်ဆိုသည်မှာလည်း ပျောက်ဆုံးသွားကာ အမှောင်ဖုံးနေပြီဖြစ်သည်။
မကြာမီတွင် မျက်စိရှေ့ရောက်လာသော ဟင်းခွက်များကြောင့် လေပြေရှင်း၏ အသက်ရှုနှုန်းများမှာ မြန်ဆန်လာရပြီး နှလုံးခုန်နှုန်းများမှာလည်း စီးချက်မမှန်တော့ပေ။ အရှေ့မှ ကပ္ပလီကြော်လား မသိအောင်မဲပြာနေသောအရာအား လက်ညှိုးနှင့်လက်မကိုအသုံးပြုပြီး မထိတထိကိုင်ကာ ချက်ပြုတ်လာသူအားမေးလိုက်သည်။
" ဒါကဘာလဲ "
" ကြက်ဥကြော် "
" တကယ်လား....ဒါကတကယ်ကြီးကို ကြက်ဥကြော်လား....ငါက ကပ္ပလီကြော်လို့တောင်ထင်နေတာလေ "
ထိုစကားလုံးများကို မျက်လုံးဖြင့်သာ ကြက်ဥကြော်ကိုစိုက်ကြည့်ရင်း ပြောထွက်ခဲ့သည်။အချိန်အတော်အတန်ကြာသည့်တိုင် မျက်လုံးကြီးပြူးပြီး လိပ်ပြာလွင့်နေသော လေပြေရှင်းအား တိမ်ယံဆင့်က လှုပ်နှိုးလိုက်သည်။
![](https://img.wattpad.com/cover/245509662-288-k135896.jpg)
YOU ARE READING
Hate Poem Written With Love࿐
Fantasyရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ....စေ့ပိတ်ထားတဲ့ တံခါးတွေကို ဆွဲဖွင့်ပြီး ဒူးထောက်လာအောင် ပြုစားနိုင်တယ်။ " " မင်းဟာလေ.....အကြည့်တစ်ချက်နဲ့ ကိုယ့်အသိစိတ်ကို လောင်ကျွမ်းစေနိုင်...