Epi - 23

2.4K 219 23
                                    

Unicode

အချိန်အားဖြင့် မနက် ၅နာရီ.....။

တတိုင်းရတစ်ယောက် နားထဲ ဆူညံဆူညံအသံတွေ ကြားရသဖြင့် မျက်လုံးကို မဖွင့်ချင်ပဲ ဖွင့်ကြည့်လိုက်တော့ အဝတ်အစားတွေ ထည့်နေကြသော မိဘနှစ်ယောက်။ ဘာလဲ ....... ပြန်ကြတော့ဖို့လား။

" အမေ ဘာလုပ်နေကြတာလဲ "

အိပ်မှုံစုပ်ဖွားနဲ့ ထလာပြီး မျက်လုံးကလည်း မပွင့်သေး။

" ဒီနေ့ ကထိန်လေ သားရယ် အဲ့ဒါ သွားမလို့ သားအိပ်ချင် ပြန်အိပ်အုံးလေ သားညီလေး စိုးပေါက်လာခေါ်လိမ့်မယ်လေ "

ဟုတ်သား ဒီနေ့က ကထိန်နေ့ ။
မေ့နေတာ လုံးဝကို။ ငတ်မဲ့ကိန်းတွေ ငတ်မဲ့ကိန်းတွေ။

" ဟင့်အင်း ဟင့်အင်း တစ်ခါထဲ လိုက်မှာ သားကိုစောင့်အုံး "

ပြောပြီး အိပ်ရာတောင် မသိမ်းနိုင်ပဲ မျက်နှာပြေးသစ် အဝတ်အစားမြန်မြန်လဲလိုက်သည်။

" သွားမယ် သွားမယ် "

ရှေ့ဆုံးကနေ တတ်ကြွတဲ့ ကြက်ဖကြီးလို ပြုံးကာသွားနေသော တတိုင်းရ။ နောက်လှည့်ကြည့်လိုက်တော့ ဘယ်သူမှ မပါလာလို့ အိမ်ထဲပြန်ကြည့်တော့ အဖေ ၊ အမေ နှင့် ဒေါ်လေးတို့မှာ ခုဏကအတိုင်း မတ်တပ်ရပ်လျက်သားကြီးတွေ။

" ဟာ ဘာလုပ်နေကြတာလဲ လာကြ​ေလ အော် နောက်ကျတော့မှာပဲ "

အကြောင်သား ရပ်နေကြသောသုံးယောက်မှာတော့ ၁၀မိနစ်တောင် မကြာလိုက်ပဲ ပြင်ဆင်ကာ ရှေ့ဆုံးက ထွက်သွားသော သားဖြစ်သူကို အံ့သြလွန်းသဖြင့် ဘာစကားမှ မဆိုနိုင်တော့။
ဘယ်လိုတောင် ပြင်ဆင်လိုက်တာလဲ။ 

ဘုန်းကြီးကျောင်းရောက်တော့ ကိစ္စအဝဝကို လိုက်လုပ်နေရသဖြင့် တတိုင်းရကို ဘယ်သူမှ ဂရုမစိုက်ကြ။ အကုန်လုံးသည် တတိုင်းရဆိုသည့် ကောင်လေးကို မေ့လျော့နေကြသည်။

ရရတစ်ယောက် ဘုန်းကြီးကျောင်းဝမှာ ငုတ်တုတ်ကလေးထိုင်နေရှာသည်။ အကြောင်းကတော့ တစ်စုံတစ်ယောက်ကို စောင့်နေခြင်း။

ဟုတ်ပါသည်။ ရရ ကိုလောရှည်ကို စောင့်နေတာပါ။ အခုထိ မလာနိုင်ဘူး။ အစထဲက စောင့်ရတာကို မုန်းတဲ့ ရရဟာ အခုတော့ စောင့်နေရတာ တော်တော်ကြာနေပါပြီ။

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now