" တစိခုဘဲလား တော်ပြီလား "

" အင်း တော်ပြီ "

Jay ကတော့ ကော်ဖီတစ်ခွက် မှာပြီး ပိုက်ဆံရှင်းဖို့ သူ့ရဲ့ Black card နဲ့ ထုတ်ရှင်းတော့

" ဒီကဒ်နဲ့ မရပါဘူးရှင့် တစ်ခြားကဒ်များရှိသေးလားမသိဘူး"

" အော် ဟုတ်"

Black card ကို ပြန်သိမ်းပြီး တစ်ခြား တစ်ကဒ်ကို အစားထိုးပေးလိုက်ပြီး ငွေရှင်းလိုက်သည်။

မှာထားတာ‌တွေကို အပေါ်ထပ် လေဟာပြင်မှာ နှစ်‌ေယာက်သား စကားလေးတစ်ပြောပြောနဲ့ ‌စားနေကြတာတောင် ညနေစောင်းနေပြီ။
ဖေဖေနဲ့မေမေကလည်း Jay နဲ့ ညစာ စားပြီးမှ ပြန်လာခဲ့ဆိုတော့ ညစာစာ‌းဖို့ နောက်ထပ် တစ်နေရာကို ထွက်ခွာလာတော့သည်။

ကားမောင်းလာတာ တော်တော်ကြာတာနဲ့ အပြင်ဘက်ကို ကြည့်လိုက်တော့ မြို့ထဲက လူရှုပ်နေတဲ့ နေရာမျိုးလည်းမဟုတ်။ တိတ်ဆိတ်ပြီး လူတွေ သိပ်မရှိတဲ့ ပုံစံမျိုး ပတ်ဝန်းကျင်က။ ဒါနဲ့ Jay သူကို ဘယ်ကို ခေါ်သွားတာလဲ။ ပုံမှန် စားသောက်ဆိုင်ကြီးမှာ ညစားစာဖို့ခေါ်သွားမယ် ထင်ခဲ့ပေမယ့် အထင်နဲ့ တကယ့်ဖြစ်ရပ်က ကွာခြားလွန်းနေသည်။

" Jay ဒါနဲ့ ဘယ်ကိုသွားနေတာလဲ "

ကားမောင်းနေတဲ့ Jay ဘက်ကို လှည့်ပြီး မေးလိုက်တော့ အပြုံးတစ်ခုနှင့်အတူ

" ရောက်ရင် သိမှာမို့ ဒီတိုင်းလေး လိုက်ခဲ့ "








တော်တော်ကြာ ကားမောင်းလာပြီးတဲ့ နောက် ခမ်းနားထယ်ဝါလှတဲ့ စံအိမ်ကြီးတစ်ခုဆီ ရောက်လာခဲ့သည်။
Jaeyun ဘဝ မှာ ဒီလို စံအိမ်မျိုးတွေ အများကြီး မြင်ပြီး နေဖူးပေမယ့် ဒီစံအိမ်ရဲ့ ဒီဇိုင်ကြောင့် ပါးးစပ် အဟောင်းသား ဖြစ်နေမိသည်။
သူထင်တာ မမှားဘူးဆို ဒီစံအိပ်ကလည်း Jay  ဒီဇိုင်ဆွဲထားတာဘဲ ဖြစ်မယ်ဆိုပြီး ကောက်ချက် ချမိသည်။

Jaeyun ရဲ့ လက်ကောက်ဝတ်ကို ဆွဲကာ စံအိမ်ကြီးထဲ စတင်ဝင်ရောက်တော့ ဝတ်စုံကျကျဏဏ ဝတ်ထားကျသည့် ဝန်ထမ်းတွေ ဒီစံအိမ်ကြီးမှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေက အစီအရီ ရပ်လျက် ဝင်လာသည့် Jay နဲ့ Jaeyun ကို ကိုးဆယ်ဒီဂရီ ‌ကိုင်းညွတ်ကာ အရိုအသေပေးကြသည်။

Love is you | DOUBLE JWhere stories live. Discover now