" အာ.... ယား... ယား....တယ် ဗျာ ... မလုပ် မလုပ်နဲ့"
" အဲ့တာဆို မေးတာဖြေလေ "
ခေါင်းလုံးလုံးလေးကို အပေါ်ကို မော့လာပြီး Jay ရဲ့ ပါးပြင်နှစ်ဖက်ကို လက်သေးသေးလေးတွေနဲ့ အသာအယာလေးကိုင်ပြီး
" တခါလောက် .. တခါလောက် မောင့်ဘက်က အနမ်းလေး ပေးဖူးချင်လို့ "
စကားလည်းဆုံးကော် ရင်ခွင်ထဲခေါင်းစိုက်လာတဲ့ ကောင်လေးက ရှက်သွားပုံပေါ်သည်။ ပြောရရင် သူ့ဟာသူ လုပ်ပြီး သူဟာသူရှကိသွားသည်ပေါ့။
Jaeyun မှာ သူ အရွယ်စရောက်ထဲက သူလုပ်ချင်ခဲ့တဲ့ အရာလေး တစ်ခုရှိခဲ့သည်။ အမှန်တကယ် ချစ်ရတဲ့ သူရှိလာရင် သူချစ်ရတဲ့ သူရဲ့ ပါးပြင်လေးကို တစ်ခါလောက်ဘဲ ဖြစ်ဖြစ် နူးနူးညံ့ညံ့လေး အနမ်းပေးချင်မိတယ် တဲ့လေ။
ပြောရမယ်ဆိုရင် Jaeyun ရဲ့ ပထမဆုံး အနမ်း၊ နူးညံ့ပြီး အချစ်တွေနဲ့ ပြည့်စုံနေတဲ့ သူ့ဘဝရဲ့ ပထမအနမ်းတစ်ပွင့်ကို Jay ကို ပေးလိုက်တာဘဲ။
" အဟမ်း အဟမ်း အဟမ်း "
ချောင်းဟန့်သံ ကြားလိုက်တော့ လှည့်ကြည့်မိကာ ဆိုင်က ဝန်ထမ်းကောင်းမလေးဖြစ်နေသည်။
" ဟို စိတ်တော့ မရှိပေမယ့်လေ ဘာမုန့်စားမှာလဲ မသိဘူးနော် "
သူတို့နှစ်ယောက်ကို ကြည့်ပြီး ပြုံးစိပြုံးစိဖြင့် ပြောလာသည့် ဝန်ထမ်းကောင်မလေးကြောင့် Jaeyun ပိုလို့တောင် ရှက်ပြီး မျက်နှာတွေတစ်ခုလုံးပိုပြီး နီရဲလာသည်။
" ဟို ဒီလို ကြီးတြော မမေးသင့်ဘူးထင်ပါတယ် ကျွန်တော့ ကောင်လေး ရှက်နေပြီ "
ချစ်သူဆိုတဲ့ လူကလည်း အလိုက်ကမ်းဆိုးမသိ စလိုက်သေး။ စိတ်တိုတိုနဲ့ ရင်ဘတ်ကျယ်ကြီးကို ဆိတ်ဆွဲမိတော့ ထို လူကြီးက အော်သည်။
" အားးး ဘာလို့ ဆိတ်ဆွဲတာတုန်း ဆိုးနေတာနော် ဘာစားမှာလဲ ရွေးအုန်း "
Jay ရဲ့ ရင်ခွင်ထဲက ထွက်ပြီး မျက်စောင်းတချက်ထိုးကာ မုန့်ကို စိတ်ကြိုက်ရွေးတော့သည်။
ဆိုင်က သာမာန် ဒိုးနတ်ဆိုင်လေးဆိုတော့ ငယ်ငယ်က အရမ်းကြိုက် ကြယ်ပုံစံ ဒိုးနတ်လေးတစ်ခုကို ရွေးလိုက်သည်။ စားချင်တာက အများကြီးပေမယ့် ညဘက်ကျရင် dinner လိုက်ကျွေးမယ်ဆိုပြီး ပြောထားတာ ညကျမှ အပြတ်စားမယ် ဆိုပြီး အားခဲထားသည်။