သူမက တစ်ခုခုက အသည်းအသန်ကြိုးစား​နေပုံရတယ် ။ *အသက်ပြန်သွင်းချင်​နေသလိုမျိုး *

ဒါ​ပေမဲ့ မ​အောင်မြင် ... ။
သူမက အသံနက်ကြီးနဲ့ ​အော်ငိုတယ် ။

အိမ်​ရှေ့စံက ​ကျောက်စိမ်းဓါးကို ကျစ်ကျစ်ပါ​အောက်ကိုင်ရင်း မြင်ကွင်းကို မျက်​တောင်မခတ်ကြည့်​နေတယ်။

အဲ့ဒီလူ ပြန်ပြုတ်ကျလာတယ် ။
ဒါ​ပေမဲ့ အဲ့ဒီလူဟာ အဲ့ဒီလူမဟုတ် ... ။ တစ်ခြားတစ်​ယောက်ရဲ့ ပုံစံ ​ပြောင်းသွားတယ် ။

"နင် သူ့ကို သတ်တာ!"

"နင် သူ့ကို သတ်လိုက်တာ !!! အား !!!!"

ကြည့်ရတာ ထိုသူက ​သေသွားပြီထင်ပါတယ် ။
ထိုသူက သူရဲ့ အဲ့ဒီလူ ဟုတ်​မ​နေပါ ... ။

*ဒါဖြင့် အဲ့ဒီလူ ဘယ်မှာလဲ !?*

အနီ​​​ရောင် မိန်းမက ​သွေးမျက်ရည်​​တွေ ကျလျက် အိမ်​ရှေ့စံနား တိုးကပ်လာတယ် ။

သူမ တစ်လှမ်းတိုးလာတိုင်း အိမ်​ရှေ့စံက ထိုင်လျက်သား ​နောက်ကို ဆုတ်​နေမိတယ် ။

သူမရဲ့ လက်သည်းရှည်ရှည်​​တွေက လက်ချောင်းရဲ့ အရှည်ထက်ပိုတယ် ။

" နင့်ကို သတ်မယ် !"

"နင့်ကို သတ်ပစ်မယ် !"

အားနဲ့ လွဲလိုက်တဲ့ သူမရဲ့ လက်​တွေဟာ အိမ်​​ရှေ့စံမျက်နှာ​ပေါ်ကျလုဆဲဆဲ အိမ်​ရှေ့စံ မျက်လုံး​တွေ မှိတ်ချလိုက်တယ် ။

*ဘာ​တွေ ဖြစ်​နေတာလဲ ... ? အဲ့ဒီလူက ဘယ်​ရောက်နေတာလဲ... ? အခု သူ​သေရ​တော့မှာလား ?*

​မေးခွန်း​​တွေ များ​နေရင်းပင် သူသိပ်​ကြောက်​နေတယ်။

"ချွမ်း!"

"အား !"

အသံနက်ကြီး ကြားပြန်တယ် ။ ဒီတစ်ခါ​တော့ အဲ့ဒီမိန်းမရဲ့ နာကျင်စွာ စူးစူးရှရှ ​အော်​နေတဲ့အသံ ... ။

အိမ်​ရှေ့စံ မျက်လုံး​တွေ ဖွင့်ကြည့်လိုက်တယ် ။
အဲ့ဒီ မိန်းမရဲ့ ကိုယ်က ​​​ရွှေ​ရောင် ဓါးပျံတစ်​ချောင်း​ကြောင့် နှစ်ပိုင်းဖြတ်သွားတယ် ။

အဲ့ဒီဓါးပျံက ​ခေါင်မိုးထက်က သူတစ်​ယောက်ရဲ့ လက်ထဲကို ပြန်​ရောက်သွားတယ် ။

Hello......Mr.Wind ( complete )Where stories live. Discover now