Let me your Bad Boy Ep(14)

6.1K 367 24
                                    

ကျွန်တော့ ပေါင်ပေါ် အိပ်နေတဲ့ ကလေးကိုကြည့်ကာ...စိတ်ထဲတစ်ခုခု ထစ်နေသည်။
#တက်ကြွလွန်းနေတဲ့ ကလေးက ဘာဖြစ်တာပါလိမ့်#

ထိုစဥ်...ကျွန်တော့် ဟန်းဖုန်းဝင်လာသည်။
ကိုးကိုးဘာလုပ်တယ်ဆိုတာ သိရအောင် ကိုးကိုးကျောင်းမှာ သန့်ရှင်းရေးလုပ်ခိုင်းထားတဲ့ တစ်ယောက်။

ကျွန်တော်...လေသံတိုးကာ
"အေးပြော...''
တစ်ဖက်က ပြောပြီး ကျွန်တော် ဖုန်းချကာ..တွေးရပြန်သည်။

#နှင်းက ကိုးကိုးကို လာတွေ့တယ်တဲ့..ပြီးတော့ စကားအခြေအတင်ဖြစ်ပြီး ကိုးကိုးက လည်ပင်းကိုညှစ်#. ...
ဘာတွေများ နှင်းက လာပြောလို့ ကိုးကိုးက လည်ပင်းညှစ်ရတာလဲ။

သူငယ်ချင်းနဲ့ ချစ်သူ....ဘယ်သူ့ရွေးမလဲလို့တော့ မမေးစေခြင်...ဘာလို့ဆို...သူငယ်ချင်းက သူငယ်ချင်း ချစ်သူကချစ်သူ...
အခုအချိန်မှာ... ကိုယ့်ကမ္ဘာကြီးက ကိုးကိုး မို့...ငယ်ငယ်ကလို နှင်းဘက်ကမပါနိုင်တော့တာတော့ အမှန်။

ပြီးတော့ နှင်းကိုယ်တိုင်က သွားပြောတဲ့ကိစ္စ..
.
ကျွန်တော့်ပေါင်ပေါ်က ကိုးကိုးကို ကြည့်လိုက်တော့...လုံးဝပင်ပမ်းလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသည့်ပုံ....
အိမ်ရောက်တာနဲ့ ကျွန်တော် ပွေ့ချီကာ...မွေ့ရာပေါ်တင်ပေးလိုက်သည်။
ထို့နောက်...ဆားမပါဟင်းက ပေါ့ပြက်ပြက်ဖြစ်သလို.....သူ့ကိုမနမ်းရတဲ့အချိန်တိုင်းကလည်း ခါးသပ်သပ် ။
ဒါကြောင့်နဖူးလေးကိုနမ်းလိုက်ကာ...စောင်ပါးပါးလေးခြုံပေးလိုက်သည်။

ရေချိုးခန်းထဲဝင်ကာ ရေမိုးချိုးပြီး...ချည်အိကျီ အဖြူ နဲ့ ရှမ်းဘောင်းဘီ ပင်နီရောင်ကိုဝတ်ကာ...laptop တစ်လုံးနဲ့..... ကုတင်ဘေးကဆိုဖာမှာ ထိုင်ရင်း အလုပ်လုပ်ရသည်။

သာမန်ဆို အလုပ်ခန်းထဲက စာပွဲမှာ ထိုင်ပေမယ့်.... ကိုးကိုးအိပ်နေရင်တော့ ဘယ်တော့မှ ထားမသွား၊ လန့်နိုးတက်လွန်းတဲ့ သူ့ကိုစိတ်မချ။
ခနနေတော့...လူးလိမ့်ကာ..နိုးလာသည်။

ကျွန်တော် ကိုးကိုးနားသွားကာ စားပွဲပေါ်က ရေခွက်ကလေးလှမ်းပေးကာ ရေတိုက်လိုက်ပြီး..နဖူးလေးကို နမ်းလိုက်သည်။

Let me be your Bad Boy (Completed) Where stories live. Discover now