Let me be your Bad Boy Ep(4)

7.9K 489 10
                                    

Unicode

Ep.4

အားကစားဘောင်းဘီအရှည် အဖြူဘေးအစင်းကို ဟူဒီ အပြာ နဲ့ ဝတ်လိုက်သည်။
ထို့နောက် အနွေးခေါင်းစွပ် အဖြူကို စွပ်ကာ ခြေစွပ်ဖိနပ် ကို စီးပြီး..ခြံထဲ ဆင်းတော့
ဟိုနှစ်ကောင်က မီးဖိုကာ အသင့်စောင့်နေကြသည်။
အသားတွေ ငါးတွေလည်း အသင့်...
Spyတွေတောင် ဘေးမှာစီလို့ထားသည်။

ထိုစဥ် ခြံရှေ့မှာ ကားတစ်စီးရောက်လာလို့ ခြံတံခါးဖွင့်ပေးလိုက်သည်။
#ဟို လူ့ဂွစာ#
သူက ကားပေါ်ကနေဆင်းပြီး ကားအနောက်အဖုံးကို ဖွင့်လိုက်ပြီး အထုတ်တွေ ယူလာသည်။

"တစ်လစာများဝယ်လာတာလား"
"ဟုတ်ဘူး တစ်နှစ်စာ"
ကျွန်တော်က သူ့လက်ထဲက အထုပ်တွေကို.ယူမယ်လုပ်တော့...
"ရတယ် Daddyဘဲ သယ်လိုက်မယ်"ဟုဆိုသည်။
.....
ကျွန်တော်တို့ ၄ယောက်ထိုင်နေရင်း...အကင်တွေ ကင်ကြ၊ စားကြနဲ့ ပျော်နေရင်း...

"ကိုးကိုး မင်းအမ နှစ်ယောက်ရော"

"မမ ပိုးပိုးက အိမ်ထောင်ကျသွားပြီလေ ငါတူမလေးတောင်ရနေပြီ၊....မမ ရိုးရိုးက အိပ်နေလောက်ပေါ့"

"သြော်..မတွေ့ရတာတောင်ကြာပြီနော်..သူတို့က အမွှာတွေ မလား နာမည်အရင်းက ဘယ်သူ"

"ဟာကွာ...အပန်းရောင်၊အဖြူရောင်၊ အကြည်ရောင် တဲ့....အိမ်ခေါ်နာမည်က ပိုးပိုး၊ ရိုးရိုး ၊ကိုးကိုး တဲ့ ဟုတ်ပြီလား "

"သြော်..အဆန်းတွေ"
"ဟျောင့် မောင်မောင်ဦး  မင်းငါ့မမ ရိုးရိုးကို ကြိုက်နေတာမလား"

ကျွန်တော့် စကားကြောင့် ခန့်ရှိန်နဲ့ ကိုသူရမျိုးမြတ် ကပါ မောင်မောင်ဦး ကို ကြည့်လိုက်သည်။"
"ကြိုက်ပါဘူးကွာ...ငါကြိုက်နေတာ တစ်ယောက်..."
"ဘယ်သူတုန်း..."
"ဘယ်သူနေနေပေါ့ကွ"
"လျှိုတာ"

....ထိုစဥ် ကိုသူရမျိုးမြတ် က အိပ်ထဲက အထုတ်တွေ ထုတ်လိုက်သည်။
"ခရစ်စမတ် လက်ဆောင် "ဟုဆိုကာ....ပါဆယ်ဗူး ၃ခုပေးသည်။
ထိုအခါ ခန့်ရှိန်က

"ကိုသူရမျိုးမြတ် က ခရစ်ယာန် လား"

"ဟုတ်ဘူးလေ...ဗုဒ္ဓ ဘာသာ...မင်တို့က ခရစ်ယာန်မလား"

Let me be your Bad Boy (Completed) Where stories live. Discover now