Let me be your Bad Boy Ep(3)

9.7K 533 23
                                    

Unicode

Ep. 3

ကျွန်တော် အိမ်ပြန်ရောက်တော့လည်း သူ့ကိုလွမ်းမိသလိုလို။
,........သူငါ့ကို တကယ် ချစ်ရဲ့လား။ နောက်ကျမှ မချစ်တော့ရင် ဘယ်လိုလုပ်မတုန်း၊
အားနာလို့ ဆက်တွဲနေတာမျိုးလဲ မလိုချင်ဘူး...ငါဘာလုပ်ရမလဲ.........

ရောက်တက်ရာရာတွေးသောအကျင့်သည်လည်းတစ်ခါတစ်လေ Drama ဆန်၏။

......
........

စားပွဲပေါ်တွင်တင်ထားသောဖုန်းသည် မြည်လာ၏။
Contact မှာ မှတ်ထားတာက Koe Koe တဲ့။
ငရစ်လေး.....

''ဟယ်လို....''
"ဟယ်လို ကျွန်တော်ကိုးကိုး''
အ​ရေး ကြီးနေသောအသံကြောင့် မျက်လုံးပင်ပြာသွားရသည်။
''သိတယ်လေ ကလေးရဲ့။ Daddy ကိုပြော စိတ်အေးအေးထား ဘာဖြစ်နေတာလဲ''
''ဟို.... ကျွန်တော်...ကျွန်တော့်ဆီကို လာအုံး''
တုန်ရီနေသောအသံသည် ဘာဖြစ်နေမှန်းပင်ခန့်မှန်းရခက်၏။
"အခုလာပြီနော်၊စိတ်အေးအေးထား''

ကျွန်တော့် ဘေးကမျိုးသက်အား Meeting ကိုနောက်ဆုတ်ဖို့ပြောခဲ့ကာ စိတ်လောလောဖြင့်ပင် ကိုးကိုးဆီကိုထွက်လာခဲ့၏။

....
......

"ဟေး"
ကိုးကိုးက ကျွန်တော့်ကို လှမ်းအော်သည်။ အမယ် 'ဟေး' ဆိုပဲ။

"ကိုးကိုးလေး ဘာဖြစ်တာလဲ"
"ပန်းအိုး ကျကွဲ သွားလို့ အဲဒါလေ... အလျော်မပေးနိုင်လို့"
သူရမျိုးမြတ် သည် စိတ်ပူနေသော ကိုးကိုး၏လက်အား ဆုပ်ကိုင်လိုက်၏။ထို့နောက်တွင်
"Daddy အပြစ်ပါကွာ.....''ဟုဆို၏။
ကိုးကိုးနားမလည်နိုင်ပါ။ ပန်းအိုးခွဲမိတာက ကိုယ်၊ အပြစ်ရှိတာက သူ တဲ့လား။
ထို့နောက်တွင်မြန်မြန်ဆန်ဆန်ပင် ကုန်ကျစရိတ်ကိုရှင်းပေး၏။

'"ကဲ..လာ...Daddyနဲ့ မုန့်သွားစားမယ်"
"ပင်လယ်စာ စားချင်တာ၊ ရလားဟင်''
"ရတာပေါ့ဗျာ။ ကိုးကိုးဘာလိုလို ရတယ်''
ထိုအခါ ကောင်ငယ်လေးသည် တစ်ချက်ပြုံးလိုက်၏။ထို့နောက်တွင် သူရမျိုးမြတ်အား မချိပြုံးလေးပြုံးပြကာ

''ဒါဆို မိန်းမလိုချင်ရင်ရော ရတယ်လား'' ဟုဆို၏။

''ယောက်ျားမယူချင်ဘူးလားဟင်။ မိန်းမယူမယ့်အစား ယောက်ျားယူပြီး ဆိုးလိုက်စမ်းပါ''

Let me be your Bad Boy (Completed) Where stories live. Discover now