Let me be your Bad Boy Ep(10)

5.8K 351 13
                                    


နေရောင်က ကျွန်တော့်မျက်နှာကိုစူးလာသည်။

"ဟာ..ဘယ်နှနာရီမို့ နေကထွက်တာတုန်း'''

နာရီကောက်ကြည့်လိုက်တာ့ 9နာရီထိုးနေပြီ။
ဇူလိုင်ဒေး ပင်မရှိတော့။

အောက်ထပ်ကို ဆင်းလာတော့..အကုန်လုံးက Tvကြည့်နေကြသည်။

ကျွန်တော့်ကို ခန့်ရှိန်က မြင်တော့...
"ကိုးကိုးနိုးပြီလား"
"အေး ငါအခု အရေးတကြီး အပြင်သွားမလို့...မင်းတို့တွေ မပြန်ကြနဲ့အုံး"
"မနက်ဖြန်မှ ထက်လာခဲ့မယ်...အိမ်က ကားတွေ လမ်းရောက်နေပြီ"
ထူးယံပိုင် က လှမ်းပြောလိုက်သည်။

"အေးပါ..အေးပါ.. ငါသွားပြီ"
"ကိုးကိုး..ညအိပ်ဝတ်အစားကြီးနဲ့နော်"

ရှိန်းကိုကို ပြောမှ သတိရကာ
အပေါ်ထပ်ကိုတက်ပြီး အဝတ်အစားလဲ လိုက်သည်။
ကားကတော့ မရှိ။ မောင်းလဲ မမောင်းတက်ပေမယ့်....ဆိုင်ကယ်ကတော့ မန်းလေးသားမို့ စီးတက်ပါသည်။

ကလစ်ဘီး အနက်ရောင်လေးကို
ထုတ်ကာ ဦးထုပ်ဆောင်းလိုက်သည်။

ကသောကရောနဲ့ စီးကာ...companyကို တစ်ခါတည်းမောင်းလိုက်သည်။
ရုံးခန်းထဲရောက်တော့...Daddyက ထိုင်ကာ စာရင်းလုပ်နေသည်။

'Daddy. ..ကျွန်တော် မနေ့က phဆက်မလို့ဘဲ ဖုန်းအားကုန်တာနဲ့ ဒီတိုင်းသွင်းထားလိုက်တာ။ ပြီးတော့ သူငယ်ချင်းတွေနဲ့ ဆိုတော့...Tvကြည့်ရင်း မေ့သွားတာ"

""". ....'''
"ကျွန်တော် တောင်းပန်တယ်ဗျာ...ကတိပေးတယ် နောက်ဆို မဖြစ်တော့ဘူး"
". ..'''

တောင်းပန်နေတာတောင် အသံက ထွက်မလာ..
#ဒီလူကတော့#. ..

"daddy... ကျွန်တော့်ကိုမချစ်ဘူးလား"
". ...''
"ပြီးတာဘဲ...ကျွန်တော်သွားပြီ"
ဟုဆိုကာ...အခန်းထဲက ထွက်သွားတဲ့ချာတိတ်။

"ဟာ..ဘာလဲ...ဆက်မချော့တော့တာလား...''
ဟူး...

ကျွန်တော် အလုပ်ထဲ စိတ်မပါတော့တာကြောင့်...ဆိုဖာပေါ် လှဲလိုက်သည်။

ခနနေတော့ အခန်းတံခါးပွင့်လာကာ...
ကိုးကိုးက ဂီတာတစ်လက်ယူလာသည်။

"Daddyက စိတ်ဆိုးနေသေးတာလား..ကျွန်တော်မှားတာဘဲ..ကျွန်တော်ချော့ရမှာပေါ့"

Let me be your Bad Boy (Completed) Where stories live. Discover now