အပိုင်း - ၆ ( uni )

Start from the beginning
                                    

( note း အမှန်တကယ်ဖြစ်ပျက်နေသော အခြေအနေကိုသာဖော်ပြထားခြင်းဖြစ်ပါသည် ။ ရုပ်ရှင်အသိုင်းအဝိုင်းအားစော်ကားလိုစိတ်မရှိပါ ။ သို့သော် တတ်နိုင်သလောက်ပြောင်းလဲပေးနိုင်ရင်ပိုကောင်းပါလိမ့်မည် ။ )

ရဂွန်းပြောတာကို ဧကတို့လဲနားလည်ကြတယ် ။ နိုင်ငံတဖြေးဖြေးတိုးတက်လာပြီ ပွင့်လင်းလာပြီဆိုပေမယ့် LGBT တွေအတွက်တော့ တရားကပဒေနဲ့မျှတမှုတွေမရှိသေးပေ ။  ဒီမိုကရေစီစနစ်ကို ပြောင်းလဲလာတာနဲ့မျှ ပြုပြင်ရမှာတွေ ၊ အခက်အခဲတွေ ၊ ဖိအားတွေကတော့ရှိမှာပဲ အထူးသဖြင့် မြန်မာဆိုရင်နှိပ်ကွတ်ချင်နေကြတဲ့ အိမ်နီးချင်းမပီသတဲ့ အိမ်နီးချင်းနိုင်ငံတွေကြောင့်လဲပါတာပေါ့ ။ ဒီမိုကရေစီကိုပြောင်းလဲပြီးတာနဲ့ LGBT တွေအတွက် ဥပဒေတွေ ၊ မမျှတတဲ့ ကုန်ဈေးနှုန်းတွေအတွက် ပြုပြင်မှုနဲ့ စည်းကမ်းချက်တွေကို သေချာဖော်ဆောင်လာနိုင်မယ်လို့မျှော်လင့်မိသည် ။ ( အခုတော့ မြေနိုး မင်းအောင်လှိုင်ကြောင့် အကုန်တစစီဖြစ်နေပါပြီ :)   )

" ဧက အဲ့တာဆို မဟာကျောက်စိမ်းပြတိုက်အကြောင်းကိုရောသိလား "

ရဂွန်းမှမေးလိုက်သည်ကို ဧက ကခေါင်းခါပြလိုက်ပြီးရှေ့ခန်းမှ နှောင်းဝေကအနောက်ကိုလှည့်လာကာ

" ကျွန်တော်ကြားဖူးတယ်ဗျ ရောက်တော့မရောက်ဖူးဘူး.. ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီးရှိတယ်လို့ပြောကြတာပဲဗျ "

နှောင်းဝေရဲ့စကားကြောင့် ရဂွန်းကတချက်ရယ်မောလိုက်ပြီး..

" အဲ့တာဆိုရင်တော့ကျောက်စိမ်းပြတိုက်အကြောင်းပြောပြရမှာပေါ့ ...မဟာကျောက်စိမ်းပြတိုက်က  ဖားကန့်မြို့ ၊ ဆိပ်မူကျေးရွာအုပ်စု ၊ နတ်မှော်ကျေးရွာ ၊ နတ်မှော်ချောင်းနဲ့ ရေကြည်ချောင်းတို့ဆုံရာမှာရှိတယ် ။ မြေပုံအညွှန်းနဲ့ပြောရမယ်ဆိုရင် အညွှန်း ၉၂ - C 2B ၈၅၅၆၂၂ မှာရှိတယ် ။ ဘာလို့ မဟာကျောက်စိမ်းလို့ခေါ်လဲဆိုတော့ သူ့အရွယ်အစားကြောင့်ပဲဗျ ။ ကမ္ဘာ့အကြီးဆုံးဆိုတာတော့မဟုတ်ဘူးနော် ။ သူရဲ့အရွယ်အစားက အလျား ပေ၇၀ x အမြင့် ပေ၂၀ နဲ့ အနံ ၁၆ပေရှိတယ်...အဲ့တာကိုတူးမော်ရမိပြီးတော့ နေရာကနေမ‌‌ရွှေ့ဘဲနဲ့ အပေါ်ကနေ မဟာကျောက်စိမ်းပြတိုက်ကို ခြုံငုံပြီးတည်ဆောက်ထားကြတာပဲ ။ သတင်းကြားရတာကတော့ ပိဿာ ၆၆၀၀၀ ( တန် ၁၁၀ ကျော် ) ရှိတဲ့ ကျောက်စိမ်းရတနာနောက်တခုကိုလဲ တွေ့ရှိထားပြီလို့တော့ကြားမိတယ် ။ "

ရဂွန်းပြောသည့်သမိုင်းကြောင်းနဲ့ဒေသများကိုနားထောင်နေရင်း အနောက်ခန်းမှထွေးကတော့ စက်တော်ခေါ်သွားလေပြီ ။ ဧကကလဲ သမ်းမိသွားတာမို့ ရဂွန်းဟာသူ့စကားကိုဖြတ်လိုက်ပြီး ခဏအနားယူဖို့သာလုပ်လိုက်တော့တယ် ။ အေးမြတဲ့ရာသီဥတုကြောင့် တဖြည်းဖြည်းအိပ်ပျော်သွားကြတာကြောင့် တိတ်ဆိတ်သွားတဲ့ကားလေးကိုဦးစိုင်းကလဲ ဖြေးဖြေးမှန်မှန်သာမောင်းနှင်လာခဲ့သည် ။ ဘေးနားမှာထိုင်နေတဲ့ နှောင်းဝေကပါ မျက်လုံးလေးတွေမှေးစဉ်းလာတာကြောင့်

" နှောင်း အိပ်ချင်ရင် ခဏအိပ်လိုက်ပါလား... "

ဦးစိုင်းရဲ့တီးတိုးစကားသ့ကြောင့် အရည်ဝေ့နေတဲ့ မျက်ဝန်းငယ်တို့က သူ့ထံပါးရောက်ရှိလာတော့သည် ။ ခေါင်းခါပြပေမယ့် စောင်းကျသွားတဲ့ ခေါင်းလုံးလုံးလေးကြောင့် ဦးစိုင်း ဟက်ခနဲရယ်မိလိုက်တယ်...။ ကားကိုလမ်းဘေးနားခနရပ်လိုက်ပြီး ထိုင်ခုံနောက်မှာချိန်ထားတဲ့ စောင်အသေးလေးကို နှောင်းရဲ့ ရင်ဘက်ပေါ်လွှမ်းခြုံပေးပြီး ခေါင်းလုံးလုံးလေးကို ပွတ်သပ်ပေးလိုက်တော့ ကျေနပ်သွားသယောင်ညည်းတွားသံသဲ့သဲ့က ချစ်ရသူ၏နှုတ်ဖျားမှထွက်လာတော့သည် ။ ဦးစိုင်းလဲ နေရာမှပြန်ဝင်ထိုင်လိုက်ပြီး ကျောက်စိမ်းမြေဖားကန့်ဆီသို့ ဆက်လက်ခရးနှင်တော့တယ် ။

* ဘယ်အချိန်မှာပဲ ကြည့်လိုက်ပါစေ

ဒီလောက်တောင်ချစ်မိစေတာ

ကိုယ့်ကိုဘယ်လိုများပြုစားပါလိမ့် နတ်သားငယ်ရယ် *

* မနောမြေအား သက်သေတည်လျက် *

ရေးပြီးပြီးချင်းကိုပဲ တင်ပေးလိုက်ပါပြီရှင့် ")

#vote and comment ><

TBC~~

Witnessing To The MaNaw Land_မနောမြေအား သက်သေတည်လျက်_CompleteWhere stories live. Discover now