"........"

လူကဲခတ်တော်တဲ့ရိပေါ်ဟာခေါင်းတချက်သာငြိမ့်ပြပြီးတိတ်ဆိတ်နေလိုက်တယ်...

"ကေျးဇူးပါနော်ဝမ်သခင်လေး...ဟိုရိပေါ်ကောလို့ပဲခေါ်လို့ရမလား..တကယ်ကိုနာမည်ကြီးတဲ့သခင်လေးတွေနဲ့ခင်ချင်တာ..."

"မရဘူး..."

ရိပေါ်ခပ်ပြတ်ပြတ်သာပြောချလိုက်ပြီးထည့်ပေးလာတဲ့သေရည်ကိုမော့သောက်လိုက်သည်....

ကောအဖေကသိပ်ကိုစော်ကားလွန်းနေပါပြီ....

"ကျနော့်သဘောထားကိုအလေးထားစေချင်တယ်အဖေ..ယွမ်လုကိုအားနာပေမဲ့ကျနော်ဒီကိစ္စတွေကိုလက်မခံပါဘူး..."

" ရှောင်ကျန့်..."

"ဒီကဝမ်ရိပေါ်ဟာကျနော်ချစ်မြတ်နိုးရတဲ့တစ်ဦးတည်းသောသူပဲဒါကြောင့်သူကပဲကျနော့်လက်တွဲဖော်ဖြစ်လာရမယ်...လာရိပေါ်ကို့အဆောင်ကိုသွားကြမယ်..."

ဓားကိုကျစ်နေအောင်ဆုပ်ကိုင်ရင်းရှောင်ကျန့်ခေါ်ရာနောက်ကိုသူလိုက်လာခဲ့တယ်...သူ့လိုလူမျိုးကလူတယောက်ပေါ်အရမ်းအားကိုးနေလို့ထူးဆန်းချင်ထူးဆန်းပါစေရှောင်ကျန့်ကတော့သူအားကိုးချင်တဲ့တစ်ယောက်တည်းသောသူပဲ.....

"နာတယ်ကော.."

ပကတိတည်ငြိမ်နေတဲ့အသံလေးကဒေါသထွက်နေချိန်မှာတောင်ကျယ်လောင်လာခြင်းမရှိဘူး...
ဆုပ်ကိုင်ခံထားရတဲ့လက်ကောက်ဝတ်ကအနီရောင်အရာကြောင့်ရှောင်ကျန့်လေတဖူးဖူးမှုတ်ပေးရတော့သည်...

"ကိုတောင်းပန်ပါတယ်...အမြဲတမ်းဒီကလေးလေးကိုစိတ်ညစ်အောင်လုပ်မိနေတယ်..."

"ကောဖြစ်စေချင်တဲ့ပုံစံအတိုင်းကျနော်ကလွယ်လွယ်စိတ်ပျော့တတ်တဲ့သူမဟုတ်ပါဘူး...စော်ကားခံရလဲကျနော်သည်းခံနိုင်ပါတယ်ဘာလို့လဲဆိုတော့သူကကောရဲ့အဖေဖြစ်နေလို့လေ..."

"ဟာကွာ...ဘာလို့ဒီလိုလူမျိုးကိုမှအဖေကသဘောမကျဖစ်နေရတာလဲ.."

ရှောင်ကျန့်ရိပေါ့ကိုယ်လုံးလေးကိုရင်ခွင်ထဲအသာဆွဲသွင်းရင်းဆံသားနုနုလေးတွေကိုပွတ်သတ်ပေးနေလိုက်၏....

မှော်ဆန်သော(completed)Where stories live. Discover now