သူ့ရဲ့လက်ကို ဆွဲသွားပြီး အပေါ်ထက်ကို ခေါ်သွားသည်။ အပေါ်ထက်မှာတော့ အမိုးမရှိဘဲ ကောင်းကင်ပြာကြီးကို မြင်နေရသည်။ ဘေးဘီဝေ့ကြည့်လိုက်တော့ ထိုင်ခုံတစ်လုံး ကိုသာ မြင်ရသည်။

ထို ထိုင်ခုံတွင် ထိုင်ခိုင်းပြီး ဂျယိယွန်းနားကနေ တစ်ဖြညိးဖြည်း ပျောက်ကွယ်သွားသည့် ‌Jay

Jaeyun လည်း Jay ထွက်သွားတော့ တယောက်ထဲ ကျန်ခဲ့ရာ ပျင်းလာတာနဲ့ ဖုန်းကို ထုတ်ပြီး ကောင်းကင်ပေါ်က တိမ်လေးတွေကို ဓာတ်ပုံရိုက်နေမိသည်။

ခဏအကြာ တယောသံကြားလိုက်တော့ ဓာတ်ပုံရိုက်နေရင် ကြည့်လိုက်မိသည်။ Jay မဟုတ်ဘဲ ကိုရီးယား နိုင်ငံရဲ့ နာမည်အကြီးဆုံး တယော အဖွဲ့။ ဂျယ်ယွန်း သိပ်ကြိုက်တဲ့ အဖွဲ့ဆိုလည်း ဟုတ်သည်။

ငြိမ့်ညောင်းလှသည့် တယောနဲ့ အတူ တစ်ရိပ်ရိပ်ပေါ်လာသည့် Jay

လာတုန်းက ဝတ်ထားသည့် အနောက်တိုင်း ဝတ်စုံမဟုတ်တော့ဘူး ပေါ့ပေါ့ပါးပါး တီရှပ်နဲ့ ဂျင်းဘောင်းဘီကိုသာ ဝတ်ထားသည်။ အရောင်ကတော့ အကုန် အဖြူရောင်။

ထိုနေ့မှ တိုက်တိုက်ဆိုင်ဆိုင် Jaeyun ကလည်း အဖြူရောင်ကို ဝတ်လာမိသည်။

တစ်ဖြည်းဖြည်း နီးကပ်လာပြီး Jaeyun ရဲ့ လက်ကို ဆွဲကိုင်တာ သူ့ရဲ့ ဘယ်ဘက် ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။

" ခံစားမိလား ကိူယ့်ရဲ့ ရင်ခုန်သံကို "

"...... "

Jaeyun လည်း ဘာမှမပြောနိုင်ဘဲ ကြောင်တောင်ကြီး ရပ်ကြည့်နေမိသည်။ သူခံရတာသည့် သူ့ရဲ့ရင်ခုန်သံကိုသာ မက Jay ရဲ့ ရင်ခုန်သံကိုပါ။

" ပြောစရာရှိတယ် ယွန်းလေး
ယွန်းလေး စိတ်ထဲမှာ ကိုယ်က ယွန်းလေးကို တကယ် ချစ်တာလား မချစ်ဘဲ ကစားနေတာလားဆိုပြီး မတင်မကျ ဖြစ်နေတယ်မှတ်လား။ ဒီနေ့တော့ အဲ့ မတင်မကျ ဖြစ်နေတဲ့ စိတ်တွေ ရှင်းသွားအောင် ကိုယ် လုပ်ပေးချင်တယ်

ယွန်းလေးကို စတွေ့တဲ့ နေ့ကစပြီး ကိုယ့်ရဲ့ အချိန်တော်တော်ကြာ ရပ်တန့်နေခဲ့တဲ့ နှလုံးသားလေးက ရင်ခုန်သံတွေကို ပြန်ကြားလာတယ်။ အစပိုင်းကတော့ ကိုယ့်စိတ်ကို မသိခဲ့ဘူး။ ဂျယ်ယွန်းကို လိုက်ဘဲစနေမိတာ အမှန်။

Love is you | DOUBLE JWhere stories live. Discover now