ပြောရရင် သူ့ရဲ့ မိသားစုနောက်ခံကို ကြည့်ပြီး ချင်းကပ်ကြတဲ့ သူတွေဘဲ။ ခံစားချက်တွေက အပေါ်ယံတွေကြီးဘဲ။

Jay နဲ့ကျ မတူဖူး။ သူနဲ့ တူတူရှိနေတဲ့ အချိန်တွေမှာဆို နှလူံးသားလေးက ပုံမုန်ထက်ကို မြန်နေတာ ကို သတိထားမိသည်။ ဒါပေမယ့် သူမချစ်ချင်ဘူး။ အ‌ပေါ်ယံ အချစိတွေကို မလိုချင်ဘူး။

Jay နဲ့စတွေ့တဲ့ အချိန်တွေမှာလည်း Jay က သူ့ကို ချစ်ပါတယ် ကြိုက်ပါတယ် သဘောကျပါတယ် ပြောနေပေမယ့် ဒီတိုင်း ရင်ခုန်အောင် လိုက်‌စနေသလို ပုံစံမျိုး ဖြစ်နေတာကြောင့် ဂျယ်ယွန်းစိတိထဲ မတင်မကျ ဖြစ်လာရသည်။

______________

___________

ထမင်းစားခန်းထဲက ထွက်လာပြီး နှစ်ဖက်မိဘ အစုံ အလင်နဲ့ စေ့စပ်ကြောင်းလမ်းလိုက်သည်။

စေ့စပ်လက်စွတ်ကို အပြန်အလှန် လဲမယ် လုပ်ပေမယ့် Jay က မိသားစုဝင်တွေအရှေ့မှာ မလုပ်ချင်ပါဘူးဆိုပြီး တောင်းဆိုတာကြောင့် စေ့စပ်လက်စွပ်ကိုတော့ မလဲလိုက်ရဘူး

စေ့စပ်ကြောင်းလမ်းတာတွေ အကုန်ပြီးစီးသွားတဲ့ အခါမှာ Jay က သူနဲ့ တူတူ တစ်နေရာရာကို သွားရအောင်ဆိုပြီး လာခေါ်တော့ ဘာကြောင့်မှန်းမသိ လိုက်သွားမိသည်။

ကားနဲ့ အချိန်တော်ကြာသွားရသည့် နေရာထင်သည်။ သူ့ဘက်ကို စကားတစ်ခွန်းမှ လှည့်မပြောဘဲ ကားကိုသာ မောင်းနေတော့သည်။ အရင်ကဆို သူ့ဘက်ကို စကားမပြောရင်တောင် ခဏခဏလှည့်လှည့် ကြည့်တက်ပေမယ့် အခုတော့ ဘာမှမပြော ဘာမှ ဂရုမစိုက်သလြိူ ရင်ထဲတစ်ခုခုလိုနေသလို ဂျယိယွန်း ခံစားနေရသည်

အချိန်အတော်ကြာမောင်းလာပြီး ရောက်လာတဲ့ နေရာက တောင်ကုန်းပေါ်လေးမှာ ရှိတဲ့ cafe ဆိုင်လေး cafe ဆိုင်ဆိုတာထက် အေး‌အေးဆေးဆေး စကားပြောလိူ့ရမယ့် နေရာပုံစံလေး

ဆိုင်ထဲ ဝင်လိုက်တဲ့ အချိန်မှာ ဆိုင်ရဲ့ အပြင်အဆင်တွေက နေရာတိုင်းလိုလိုမှာ အဖြူရောင်တွေကြီး။ အဖြူရောင်ရဲတိုက်ထဲ ရောက်သွားသလို ခံစားလိုက်ရသည်။ အလှထိုးထားသည့် နှင်းဆီပန်းက အစ အဖြုရောင်။

Love is you | DOUBLE JWhere stories live. Discover now