နောက်တစ်ခုက လွှားကို မြန်မာက လူတွေ သိနေခြင်းပင်။ လွှား လက်ခံလိုက်တဲ့ အလုပ် တစ်နည်းပြောရရင် ဇာတ်လမ်းတွဲ တစ်ခု မှာ လွှား ပါဝင်မယ်ဆိုတာ ကြေငြာလိုက်တုန်းက ပရိသတ်တွေကြားထဲ တော်တော်လေး လှုတ်ခတ်သွားတယ် ပြောတယ်။ ဇာတ်လမ်းတွဲကို စိတ်ဝင်စားလာတဲ့ နှုန်း အရမ်းမြင့်တက်သွားပြီး ရှာဖွေမှု နံပါတ် (၁) တောင်ဖြစ်သွားတယ်တဲ့။

လွှား အနေနဲ့ ဇာတ်လမ်းတွဲ အတွေ့အကြုံ မရှိတာကြောင့် နည်းနည်း စိုးရိမ်မိပေမယ့် လွှားကို အားပေးနေတဲ့ Fan တွေ အတွက် သေချာ ကြိုးစားကြည့်ချင်တယ်။ ပြီးတော့ ဇာတ်လမ်းတွဲကို ကြည့်ပြီးလည်း တစ်ချို့သောလူတွေ ရှုံ့ချနေတဲ့ ချစ်ခြင်းမေတ္တာတရားတစ်ခုကို အားလုံးလက်ခံစေလာချင်တယ်။ ဒါက လွှား ဇာတ်လမ်းတွဲ ရိုက်ကူးဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းပင်။

လွှား အိပ်ယာဝင်ရန် ပြင်ဆင်ပြီးမှ ဖေဖေတို့ကို video call ရန် နာရီကြည့်လိုက်တော့ ည ဆယ်နာရီ။ ဒါဆို ဖေဖေတို့ဆီမှာ မနက် (8) နာရီ ခွဲ ဆိုတော့ ဖေဖေတော့ နိုးလောက်ပြီ။

" ဖေဖေ မနိုးသေးဘူးလား "

အိပ်ယာထဲကနေ လှမ်းကိုင်တာမို့ ဖေဖေ့ ပုံစံက အိပ်စုန်မှုန်ဖွား ဖြစ်နေသည်။

" အင်း...ညက နောက်ကျမှ အိပ်ဖြစ်လို့ "

မျက်နှာ မအီမသာနဲ့ ပြောနေတဲ့ ဖေဖေကို နောက်ချင်လာတာမို့ လွှား မျက်နှာကို ပြီတီတီ လုပ်ပြီး

" ဘာလဲ ညက ဖေဖေ နဲ့ ဖေကြီး နဲ့ "

" တိတ်စမ်း သစ်ခက်လွှား "

" ဟိ " ခနဲ အသံထွက်ကာ လက်နဲ့ ပါးစပ်ကို ပိတ်ပြီး ခေါင်းရမ်းပြလိုက်တော့ လွှားကို သတိထားနေဆိုတဲ့ အကြည့်နဲ့ ကြည့်သည်။

အသက် လေးဆယ်ကျော် အရွယ် ဖေဖေဟာ အခုထိ အရှက်ကြီးတုန်းပင်။ လွှား ဒီလိုတွေ စနောက်ခြင်းမျိုးကိုလည်း ဖေဖေက မကြိုက်။ ဖေဖေ စိတ်ဆိုးရင် ချစ်ဖို့ကောင်းတာမို့ မစဘဲလည်း မနေနိုင်။ ဖေကြီးကတော့ လွှား စ ရင် ဖေဖေ့လို ရှက်မနေ တွေ့ရာ တုတ် ဆွဲကာ လွှားကို လိုက်ရိုက်တာကြောင့် ဖေကြီးကိုတော့ မစချင်။ ဖေဖေ့ကို စလို့ ဖေဖေစိတ်ဆိုးရင်လည်း ငါ့ယောကျာ်းကို စရမလားဆိုပြီး လက်သီးတရွယ်ရွယ် နဲ့ လုပ်သေးတာ ဖေကြီးက။

When You Find Lost Love AgainWhere stories live. Discover now