💔Part1💔

Mulai dari awal
                                    

တစ်ချက်ပြန်ကြည့်မိရင်....တစ်ခါနင့်ဝင်သွား
စေသော ပုံရိပ်လေး....။
ရင်ကွဲနာကျတယ်ဆိုတာဒါမျိုးကိုပြောတာ
နေလိမ့်မည်...။

မျက်စိရှေ့က ဘုရင် ကိုပြန်ကြည့်မိသော်အခါ
မျက်လုံးစူးရှရှတွေနဲ့ပင်တစ်ကိုယ်လုံးကိုမီးနဲ့ရှို့ချလိုက်သလိုအပူတပြင်းတောက်လောက်လာသည်။

JEonသည် ဘုရင့်မျက်လုံးတွေထဲသို့
စေ့စေ့ကြည့်ပြီးတဲ့နောက်
ထိုညက ထိုစကားကိုဆိုခဲ့သည်......။
ထိုညက ထိုကျိန်စာကိုတိုက်ခဲ့သည်....။
သွေးများနှင့်ရင်းပြီး ဆုကြီးကြီးတောင်းခဲ့ပါသည်...။

"ငါကျိန်စာတိုက်တယ်.......
မင်းကို ငါဒီဘဝတင်မကဘူး
နောက်ဘဝအဆက်ဆက်မှာလည်း
အမုန်းကြီးမုန်းနိုင်ပါစေ.......
မင်းမျက်နှာကိုမြင်ရုံနဲ့ မကောင်းသော
စိတ်ခံစားမှုတွေကိုပဲဖြစ်တည်စေပြီး
မင်းကိုငါအမြဲတမ်းစိတ်ဆင်းရဲမှုတွေကိုသာ
ပေးနိုင်တဲ့သူဖြစ်ပါစေ............

ငါဆုတောင်းတယ်...ငါတို့ရဲ့သွေးကြွေးတွေ
အတွက် အကြွေးဆပ်ရမယ့်ရေစက်ဆိုး
တွေနဲ့အတူတူ သံသရာတလျှောက်လုံး
ငါ့ဆီကိုပဲမင်းတည့်တည့်
ပြန်လာပီး ငါ့ကိုဝဋ်ကြွေးဆပ်ရပါစေ......"

"ငါနဲ့ပဲသံသရာတစ်ခွင်လုံးပြန်ဆုံစည်းပြီး
ငါ့အရုပ်လို ဘဝမျိုးကိုပဲ အထပ်ထပ်ကြုံရပါစေ...
ဒီဘဝမှာမင်းကဘုရင်မလို့အနိုင်ရခဲ့ပေမယ့်
နောက်ဘဝဆက်တိုင်းမှာ ငါကမင်းရဲ့ဘုရင်
ပဲဖြစ်ရပါစေ...."

"မင်းကိုငါသတ်ပစ်လိုက်လို့ရပေမယ့်....
မသတ်တော့ဘူး......
လူဖြစ်လာပြီး လူတစ်ယောက်မှာရှိသင့်တဲ့
လူ့နှလုံးသားပါမလာတဲ့အတွက်.....
မင်းက သေ လည်း....ဘာမှမထူးဘူး
တမလွန်မှာ ဆက်ပြီး ထောင်လွှားနေအုန်းမှာ...."

ဘုရင့်မျက်နှာ သည် ပိုတည်တင်းသွားခဲ့သည်။
လက်သီးတွေမသိမသာဆုပ်သွားကာ
မုန်းမုန်းတီးတီးပြောနေသော မျက်စိရှေ့ကလူ
ကိုစိုက်ကြည့်နေရင်း အသက်ရှုသံတွေ
ပြင်းထန်နေသည်။

"စော်ကားနေလိုက်တာ....."

"ဒါနောက်ဆုံး စော်ကားခြင်းပါပဲ.....
နောက်ထပ် ငါ့ဆီက ဘယ်လိုစော်ကားခြင်း
မျိုးကိုမှမင်းမရနိုင်တော့ဘူး......
နန်းသက်ရှည်ပါစေ....အရှင်မင်းကြီး......"

မောင်Tempat cerita menjadi hidup. Temukan sekarang