အိမ်ရှေ့စံဘဝထဲက....အိမ်နီးချင်းနိုင်ငံတွေအထိ
ဩဇာညောင်းလှသဖြင့် ဂုဏ်သတင်းအရာ
သိပ်မွှေးပျံ့လွန်းခဲ့သူ......။

ဒါပေမယ့်.......ရူးနေသည်။

Jeonသည်မျက်ရည်တွေကိုအကြမ်းပတမ်း
သုတ်ကာမြင်းပေါ်က ဘုရင်ရှိရာသို့
တောက်လောင်နေသောမျက်ဝန်းများနှင့်
ပြင်းထန်စွာစိုက်ကြည့်ရင်း ကိုင်နေကြဓားကို
ကျစ်ကျစ်ပါအောင်ဆုပ်ကာလျှောက်လာနေသည်။

အနီးနားသို့ရောက်လာသောအခါ.....
အံကြိတ်ထားရခြင်းကြောင့်မေးရိုးတွေ
တင်းနေလျှက် မြင်းပေါ်တွင်
ထိုင်နေသော ဘုရင် အား လက်ကောက်ဝတ်
မှဆောင့်ဆွဲကာဆွဲချတော့ ဓားအလက်သုံးဆယ်
လောက်လည်ပင်းနားသို့လာထောက်သည်။

"ဖယ်ပေးလိုက်...."

ကိုယ်ရံတော်တစ်စုသည်မဖယ်ချင်ဖယ်ချင်ဖြင့်
ဓားတွေသိမ်းလိုက်သည်။

"အပြုအမူတွေကမလေးမစားနဲ့ Jeon...."

"မင်း....လုပ်ရက်လိုက်တာ......"

"နန်းတော်ထဲမှာ အမှုထမ်းနေတဲ့
အမှုထမ်းတစ်ယောက်က ဘုရင်မသိအောင်
တိတ်တဆိတ်နန်းတွင်းက ထွက်ပြေးဖို့လုပ်ရင်
သေဒဏ်ပဲလေ......ရက်စက်တယ်လို့မခေါ်ပါဘူး
ဘုရင် လုပ်ရမယ့် အလုပ် ဘုရင်လုပ်တာ...."

ဒီထက်ပိုမုန်းစရာကောင်းတဲ့မျက်နှာမျိုးမရှိ။
ဒီထက်ပို နုံ့နုံ့ဆင်းပစ်ချင်တဲ့မျက်နှာမျိုးမရှိ။
လရောင်ထိန်ထိန်အောက်အကြွင်းမဲ့
အမုန်းပင်တွေကို အဆမတန်ကြီးထွားလာစေပါသည်။

Jeonသည် လက်ဖဝါးမှာပေကျံနေသော
သွေးများကိုဘုရင့်မျက်နှာလှလှလေးအပေါ်
သုတ်လမ်းလိုက်သည်။

ဖူးကြွနေသောမျက်နှာလေးနှင့်သွေးရဲရဲများ
သည်လုံးဝမလိုက်ဖက်ခဲ့သော်လည်းဘုရင်က
အံကြိတ်နေကာဘာမှမပြောခဲ့...။

လသည်ထိန်ထိန်သာနေကာ
လမ်းပေါ်တွင်အသက်မဲ့သွားသောလူသားလေး၏
ဆံပင်လေးတွေသည်လေတိုက်တိုငိး
လွှင့်လွှင့်သွားသည်။
မြှားဒဏ်ရာကထွက်ကျလာသောသွေးများ
သည်ထိုနေရာပတ်လည်အိုင်ထွန်းနေပြီ။

မောင်Where stories live. Discover now