ဘာကြောင့်လဲ.....?
ဘာကြောင့်များဒီလောက်တောင်ရက်စက်ရဲရသလဲ..။
သူလှမ်းကြည့်သော်အခါဘာခံစားချက်မှမရှိသော
အေးစက်တောင့်တင်းနေသောမျက်နှာနှင့်
ပြန်ကြည့်နေသည်...။

ယောင်းသည်...အသက်ရှုဖို့ခက်လာချေပြီ.....။
ကျဆင်းလာသောမျက်ရည်ပေါက်ကြီးငယ်တို့
သည် ပန်းပုရုပ်ကလေးထုထားသလို
လှသော ယောင်း မျက်နှာ လှလှလေးပေါ်သို့
အစုလိုက်အပြုံလိုက်စီးဆင်းနေသည်။

သူချစ်မြတ်နိုးလွန်းရသူ....သိပ်ဖြူစင်လွန်းတဲ့သူ...
မြင်မြင်ချင်းမှာ...စိတ်ဝိဉာဉ်တစ်ခုလုံး
အလုံးစုံပျော်ဝင်သွားအောင်ဆွဲဆောင်နိုင်ခဲ့သောသူ။
သိပ်ပြီးပြည့်စုံလွန်းတဲ့ချစ်ရသူလေးရဲ့
နောက်ဆုံးအချိန်ဟာ ဒီလောက်တောင်ပဲ
ရုပ်ဆိုးအကျည်းတန်ရလား......။

ကိုယ်ချစ်ရသူ တစ်ယောက်လုံး ကိုယ့်မျက်စိရှေ့
အသက်မရှူနိုင်တော့သောဖြစ်ရပ်ထက်
ပိုဆိုးတဲ့အဖြစ်အပျက်မျိုးမရှိတော့..........။
တင်းကျပ်စွာပွေ့ဖက်ထားရင်းသည်းထန်စွာ
အော်ငိုနေမိသည်....။
ဖက်ထားသောလက်ကလေးတွေတဖြည်းဖြည်း
ပြေလျှော့လာသည်.....။

"ယောင်း.....!!!ယောင်း.....!!!!"

ပြာယောင်ယောင်နူတ်ခမ်းတွေသည်တစ်ချက်နှစ်ချက်
မဲ့သွားပြီးတဲ့နောက် သွေးရဲရဲတွေကြား
နစ်နေသော အရုပ်ကလေးသည် ငြိမ်သက်သွားခဲ့ပြီ။

"ယောင်း.....!!"

Jeonသည်ခေါ်၍မရနိုင်တော့သော
မျက်တောင်အရှည်ကြီးတွေကိုကြည့်ကာ
စကားသံလေးတိုးဖွဖွလေးသာထွက်လာနိုင်တော့သည်။

"ဒီလိုမျိုး....တော့ မထားခဲ့နဲ့လေကွာ....."

မျက်ရည်တွေထပ်မကျနိုင်တော့....။ယောင်းကို
ရင်ခွင်ထဲမှမြေပြင်ပေါ်သို့ခပ်ဖွဖွလေးချထားလိုက်ကာ
ကိုယ်ရံတော်တစ်စုနှင့် ထင်တိုင်းကြဲတတ်သော
ဘုရင်ဆိုသော....လူဆီသို့လျှောက်သွားလိုက်သည်။

ဒီနိုင်ငံရဲ့ အလှဆုံး ယောကျ်ား....

ဒီနိုင်ငံရဲ့ ဘုရင်အဖြစ်ထိုက်ဆုံးဘုရင်.....

ယောကျ်ား မိန်းမ မြင်တာနဲ့မူးဝေသွားလောက်တဲ့
အထိ ဆန်းကြယ်သော ညို့ငင်အားများနှင့်
လူသား....

မောင်Where stories live. Discover now