အပိုင်း(၁၃)-သူငယ်ချင်းရဲ့ သတိပေးမှု

Start from the beginning
                                    

"နေဦး Seul မလုပ်နဲ့ဦး"
Jisoo က ဝင်တားတယ်။

"တကယ်လို့ သူကိုယ်သူ တစ်ခုခုလုပ်ပစ်ရင် ငါကိုယ်ငါ ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး"

Jihyo က ဘာတြွေဖစ်ခဲ့မှန်း မသိသေးဘူး။ ဒါပေမယ့် ပြဿနာတစ်ခုခု ဆိုးဆိုးရွားရွားတက်သွားတာကိုတော့ သူခန့်မှန်းလို့ရတယ်။

"နင်ကို သူ အခုမြင်လိုက်ရင်‌လည်း အဆင်ပြေမှာမဟုတ်ဘူးနော် Seul ။ နင်ဘာပြောပြော Lisa နားထောင်မှာ မဟုတ်ဘူး။ သူကို အရင်စိတ်အေးအောင် လွှတ်ထားလိုက်ပြီးမှ နောက်အခွင့်အရေးရရင် ပြောကြည့်ကြတာပေါ့ ဟုတ်ပြီလား"
Jihyo ပြောလိုက်တယ်။

"ငါ့အမှားတွေပါ။ သူ အဆင်ပြေ‌သွားအောင် လုပ်ပေးရမှာ ငါ့တာဝန်ကို"

"သူ့အမှား ငါ့အမှား လုပ်မနေနဲ့တော့။ ငါတို့အားလုံး အမှားပဲ။ Lisa လည်း အရွယ်ရောက်နေပြီ။ တစ်ခုခုရူးမိုက်တာလုပ်ရင် အကျိုးဘာရမလဲဆိုတာ သူ လုံးဝ နားလည်နေ‌တဲ့အရွယ်"
မေ့ဆေးဆရာဝန် Jihyo က ရှင်းပြဖို့ကြိုးစားလိုက်တယ်။

"အခုတော့ လွတ်ပေးထားလိုက်ဦး။ ငါတို့ နောက်မှ စကားပြောကြည့်မယ်"


*****                 


ဆိုဖာပေါ်က မိန်းကလေးက အိမ်ရှေ့တံခါးဖွင့်သံကြားတော့ တီဗီအသံတိုးလိုက်တယ်။ Jennie ဟာ သူ တစ်ပတ်လုံးလှည့်ပတ်ရှောင်နေတဲ့လူသားလေး သူ့ရှေ့‌ရောက်လာပြီး နှုတ်ဆက်‌လာတော့မယ့်အချိန်ကို စောင့်ရင်း အသက်အောင့်ထားမိတယ်။ Lisa မနေ့ညက အိမ်ပြန်မလာဘူး။ On call ဂျူတီရှိလို့ ဖြစ်မှာပါလို့ Jennie  တွေးထားလိုက်တယ်။

တံခါးပိတ်သံကြားလိုက်ရပြန်တယ်။ Jennie အဆုတ်ထဲကလေကို ရှူထုတ်လိုက်မိတယ်။ သူစိတ်လှုပ်ရှားနေမိတာ အကြောင်းပြချက်လည်း ရေရေရာရာမရှိဘူး။ အခုအခြေအနေက သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အစပြန်ရောက်သွားနိုင်လေမလား။  သူတို့ကြား နေရထိုင်ရခက်တဲ့အခြေအနေမျိုးကိုတော့ ပြန်မရောက်ချင်ဘူး။ သည်းမခံနိုင်စရာကြီး။ ဒါမဟုတ် သူတို့တွေ ခါတိုင်းပုံစံလို ‌ပြန်ဖြစ်နေမလား။ Lisa က ဒီလို‌မတင်မကျအခြေအနေတွေကို လျစ်လျူရှုတဲ့နေရာမှာ တော်တယ်လေ။

Home (MM Translation)Where stories live. Discover now