Detail ကျကျဆိုလို့လဲ လန့်မသွားပါနဲ့.ကိုယ်တိုင်က အရမ်းကြီး မှောင်မိုက်တာမျိုး မကြိုက်ပါဘူး.ပြောရရင် သာသာတို့ ကြည့်ဖူးတဲ့ romance movie တွေလို ပုံစံမျိုးတွေပဲ ရေးမှာပါ.အသုံးအနှုန်း အရိုင်းတွေနဲ့ တစ်တစ်ခွခွရေးတာမျိုး ဒီနေရာကို ကျော်ချသွားတာမျိုး မဟုတ်ဘဲနဲ့ sex ရဲ့ ထုံးစံအတိုင်း ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ နဲ့ အတတ်နိုင်ဆုံး ဘဘာဝကျအောင် ဖတ်ရတာ စိတ်ကို မညစ်နွမ်းဘဲ ရင်ခုန်ဖွယ်ရာဖြစ်အောင်ပဲ ရေးဖို့က သာသာရဲ့ ကြိုးစားရမယ့် စိန်ခေါ်မှုကြီးပါ.
တစ်ခုကြိုပြီး တောင်းပန်ချင်တာက သာသာလဲ ဒါမျိုးတွေရေးတဲ့အခါ သူများရေးတာတွေ လိုက်ဖတ်ပြီး ကိုယ်ရေးချင်တဲ့ပုံစံကို မှီငြမ်းရေးရတာကြောင့် အသုံးအနှုန်းတွေ တူနေတာမျိုး ဆင်နေတာမျိုး စိတ်ကူးနဲ့ ကိုယ်ထင်တာ ရေးရတာကြောင့် တချို့နေရာတွေမှာ ဟာသတွေဖြစ်နေတာမျိုးရှိရင်လဲ ခွင့်လွှတ်ပေးပါဦးလို့ ...🙏🙏🙏
လိုအပ်တာ ပြင်စေချင်တာတွေကို ပွင့်ပွင့်လင်းလင်း အားမနာတမ်းသာ လာပြောပါနော်✌️
စစချင်းရေးတဲ့ fic လေးကို အချိုးမပြေရင်တောင် အားပေးကြတဲ့အတွက် နောမူးနောမူး ဆာဒါးငဲရော်.....❤️❤️❤️
-------------------------------***************----------------------------
Warning ကိစ္စနဲ့ပတ်သက်လို့ပြောရရင် ပြောစရာတွေက အများကြီးရှိသလို အာသာအတွက်လဲ စိတ်ဖိစီးစရာရိုက်ခတ်မှုတွေ စဉ်းစားစရာတွေ အများကြီးဖြစ်ခဲ့တဲ့ ဖြစ်နေဆဲ ကိစ္စတစ်ခုပါ။
ဒီလိုပုံစံရေးဖို့ဆုံးဖြတ်တဲ့အချိန်မှာ အာသာက ကိုယ်နဲ့အလှမ်းဝေး အကျွမ်းတဝင်မရှိတဲ့ အကြောင်းစုံမသိတဲ့ နယ်ပယ်တစ်ခုအကြောင်းကို သေချာစူးစမ်းမလေ့လာဘဲ မဆင်မခြင်ဆုံးဖြတ်ခဲ့မိတယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါတယ်။
ဒါနဲ့ပတ်သက်ပြီးတော့ တော်တော်လေးစိတ်ဖိစီးခဲ့ရပေမဲ့ အများကြီးမပြောတော့ပါဘူး...။မပြောတော့ဘူးဆိုတာထက် သာသာ ဒီနေ့ပင်ပန်းနေတော့ ပြောဖို့အတွက်ကို အစီအစဉ်မကျရင် အမှားပါမှာစိုးလို့ မပြောသေးတာပါ။သိတဲ့အတိုင်း ဒါတွေပြောရတာ ဆန်းဆန်းတင့်တယ်ဆိုတော့ နောက်များမှပဲ အခွင့်အရေးရတယ်ဆိုမှ ပြောပါတော့မယ်။
အဓိကအချက်လေးအနေနဲ့ ရေးထားတဲ့ပုံစံက အသက်ပြည့်ပြီးသားသူတွေကိုပဲစဉ်းစားပြီးတော့ ရည်ရွယ်ရေးခဲ့တာမျိုးဖြစ်လို့ အသက်မပြည့်သေးရင် မဖတ်ပါနဲ့ဆိုတာကိုပဲ သာသာဘက်က မေတ္တာရပ်ခံပါရစေ။
အပိုင်းသစ်ကိုက မနက်ဖြန် up ပေးပါ့မယ်နော် စာဖတ်သူလေးတို့
မျှော်နေကြမယ်ဆိုတာ သာသာသိပါတယ်။
ဒါပေမဲ့ ဒါလေးကိုလဲ တစ်ပိုင်းစာ view လေးရစေချင်လို့ပါ။
မနက်ဖြန် စောနိုင်သမျှ စောစောလေး up ပေးနိုင်အောင် ကြိုးစားပါ့မယ်❤️
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...
Warning!!! (Must Read)
Start from the beginning
