Warning!!! (Must Read)

Depuis le début
                                        

ကိုယ်တိုင်ကလဲ ပန်းအိုးကျကွဲတာတွေ သမင်ကျားစားတာတွေမကြိုက်လို့ sex ကို အထူးအဆန်းဖြစ်အောင် ပုံသွင်းထားကြလွန်းလို့ ဒီလိုပုံစံရေးခဲ့တာပါ။ဒါပေမဲ့ အထူးအဆန်းဖြစ်တာက အသက်ပြည့်ပြီးတဲ့သူတွေအတွက်ပဲ မကောင်းတာပါ။အသက်မပြည့်သေးတဲ့သူတွေအတွက်တော့ မဟုတ်ပါဘူး။ဘယ်လိုပဲ အသိဉာဏ်တွေကရင့်ကျက်ပါပြီ physical ပိုင်း ဖွံ့ဖြိုးပါပြီ ဒီခေတ်ထဲမှာ အထူးအဆန်းလဲမဖြစ်တော့ပါဘူး ပြောပြော အသက်အရွယ်အလိုက် ဖြတ်သန်းသွားရတဲ့ အတွေ့အကြုံဆိုတာကတော့ အချိန်ကိုကျော်ဖြတ်ပြီးမှ ရတာမျိုးပါ။ရင်ခုန်ပျော်မွေ့ဖွယ်ကောင်းတဲ့ ဆယ်ကျော်သက်ကာလလေးကို သူ့ရဲ့ခေါင်းစဉ်လေးအတိုင်း တန်အောင်ခံစားပါ။ကျော်ဖြတ်ပါ။နို့မို့ဆို နှမြောစရာကောင်းပါတယ်။ပြီးရင်တော့ ဒီလို ရင်ဖိုလှိုက်မောဖွယ်ဆိုတာတွေကို တရားဝင်ခံစားနိုင်မယ့်အရွယ်ဆိုတာ မရောက်ချင်ရင်တောင် ရောက်လာပါလိမ့်မယ်။အသက်တွေက တားမရပါဘူး...။ကိုယ်မကြီးချင်ရင်တောင် ကြီးလာမှာပါပဲ။

ဒီလိုရှည်ရှည်ဝေးဝေးတွေပြောရတာ အားနာပေမဲ့ သာသာလဲ မပြောမဖြစ်မို့ ပြောရတာပါ။ရေးချင်တာတွေရေးထားပြီးတော့ ဒီအချိန်ကျမှ ဒီလိုလာလုပ်နေတယ်လို့ပြောရင်လဲ ခံရမှာပါပဲ။ကိုယ့်ရဲ့ fav spot လို့သတ်မှတ်ထားတဲ့နေရာမှာ ဒီနေရာကြောင့်တော့ သက်ရောက်မှုတစ်စုံတစ်ရာရှိသွားမှာမျိုး မဖြစ်စေချင်လို့ပါ။

အသက်မပြည့်သေးရင် လုံးဝမဖတ်ပါနဲ့လို့ပဲ တင်းတင်းကြပ်ကြပ် တားမြစ်ပါရစေ...။

ချစ်ခြင်းအားဖြင့်ပါ။

----------------------------------------------------

စိတ်အပန်းဖြေချင်လို့ စာဖတ်ကြတာဆိုတော့ စာရေးတဲ့သူတွေဘက်ကလဲ ဖတ်လို့ကောင်းအောင် ကြိုက်နှစ်သက်အောင် ကိုယ့်ပုံစံနဲ့ကိုယ် ရေးကြမှာပါ.သာသာကတော့ ဒီ fic ကို ဇာတ်လမ်းပုံစံအရ romance များပေမယ့် ဇာတ်ကောင်ရဲ့ပုံစံ သူ့ရဲ့ ဆွဲဆောင်မှုတွေလဲ ပေါ်လွင်စေချင်တာမို့ mature content တွေ အများအပြားပါလာမှာပါ.Playboy type နဲ့ နေလာတာမို့ သူကျွမ်းကျင်တဲ့ sex ကိစ္စတွေကိုလဲ detail ကျကျ နဲ့ အတတ်နိုင်ဆုံး သဘာဝကျအောင် ရေးမှာဖြစ်လို့ ဒီပုံစံကို မကြိုက်တဲ့သူလေးတွေ ရှောင်လို့ ရအောင်ပါ..

You are the only Exception!Où les histoires vivent. Découvrez maintenant