Let me be your Bad Boy Ep(4)

Começar do início
                                    

သို့သော်......တစ်ယောက်သောသူကသာ သူတို့ကို ကြည့်နေတယ်ဆိုတာ သိခဲ့လျှင်.....

...........
...........
မနက် ၆နာရီခွဲတော့ မေမေက လာနှိုးတော့ မျက်နှာသစ်ကာ ထမင်းစားပွဲမှာစုံကြသည်။

မေမေက မုန့်ဟင်းခါးတွေ လာချ သည်။
"စားကြနော် ငါ့သားတို့ အမေ ချက်ထားတာ"
"မေမေ..မမရိုးရိုးကရော"
"မထ သေးဘူးတော်...မနေ့က ညနက်တဲ့ထိ စာဖတ်နေတာ "
"မိန်းကလေးဖြစ်ပြီး အခုထိ မထ.....
ပြောလို့ပင်မဆုံးသေး အနောက်ကနေ တပတ်နဲ့လာရိုက်ကာ
"ဟဲ့......ငါ ဒီမှာ...ဘာအတင်းပြောနေတာ''
"အတင်းလို့မခေါ်ဘူး ဟုတ်တာပြောတာ"
"အောင်မာ ငါလုပ်လိုက်ရ ....''

မေမေက ဝင်တားရတော့သည်။
"တော်ပြီ ရိုးရိုးလည်းထိုင်...ကိုကိုးကလည်း မမက ပင်ပမ်းလို့အိပ်တာ မပြောနဲ့"
.....

ကျွန်တော် စားနေရင်း ဟိုနှစ်ကောင်ကို စိုက်ကြည့်နေတော့ သူတို့က ပြန်ကြည့်နေသည်။
သူတို့ကတော့ ကျွန်တော်ဘာကြောင့်ကြည့်လဲ နားမလည်ပေမယ့် ကျွန်တော်ကတော့ ကိုယ့်အကြောင်းနဲ့ကို.....
#ဘယ်အချိန်ကတည်းက ငါမသိအောင် ခိုးစားထားကြလည်းမသိဘူး#

ခနနေတော့ ကျွန်တော်က အိမ်ခြံဝထိ လိုက်ပို့လိုက်သည်။
ခြံဝ ကို ရောက်တာနဲ့...
"မင်းတို့ နှစ်ယောက် ဘယ်အချိန်ကတည်းက တွဲနေတာတုန်း"
"ဟင်..."
"အမ်"
ကိုသူရမျိုးမြတ် ကတော့ ကြောင်တောင်တောင် နှင့်သာကြည့်နေသည်။
"မင်းတို့ညက ဘာလုပ်နေတာတုန်း....ငါမမြင်ဖူးများမှတ်နေတာလား"
အဲ့အခါမှ ခန့်ရှိန် က '''အမှန်တိုင်းပြောရရင် ငါတို့တွဲနေတာ ၉တန်းကတည်းက ကွ...
အဲ့တုန်းကကျ...အဆောင်မှာဆိုတော့ သိုသိုသိပ်သိပ် နေရ​တာလေကွာ....အခုကျ သိပ်မကြာခင်ဖွင့်ပြောမလို့ပါဘဲ"
"ငါ့ကိုတောင် မယုံကြည်ဘူးလား"
"အဲ့လိုမဟုတ်ရပါဘူးကွ...."

သူတို့နှစ်ယောက်က မျက်နှာငယ်နဲ့ လုပ်နေတော့
ကိုသူရမျိုးမြတ် က.. ဝင်ပြောရတော့သည်။
"ကိုးကိုး..တော်ပြီ သူငယ်ချင်းတွေ စိတ်မကောင်းဖြစ်အောင်မလုပ်နဲ့"
"အော..ခင်ဗျားက ဘာသိလို့လဲ ဗျ...ပေါင်းလာတာ သူငယ်တန်းကတည်းက..."
"အခြေအနေနဲ့ အချိန်အခါအရပေါ့ ကိုးကိုးရယ်စိတ်လျော့နော်...."
"ဟုတ်ပါတယ်ကွာ ငါတို့တောင်းပန်တယ် နော်"

Let me be your Bad Boy (Completed) Onde as histórias ganham vida. Descobre agora