Let me be your Bad Boy Ep(4)

Start from the beginning
                                    

"ကျွန်တော်တို့လည်း ဗုဒ္ဓ ဘဲလေ... စားခြင်လို့ စားကြတာ"

"ဘာဖြစ်လဲ အခြားဘာသာတွေလည်း ခရစ်စမတ် ပွဲ ကျင်းပလို့ရတာပါဘဲ"

ကျွန်တော်တို့ စားသောက်ပြီးတော့...ပစ္စည်းတွေ သိမ်းဆည်းပြီး

"ညနက်နေပြီ အိမ်မှာဘဲ..အိပ်ကြ"
"ငါတို့ကလဲ မပြန်ပါဘူးကွာ....ကိုသူရမျိုးမြတ် လည်း မပြန်နဲ့"
"ရပါတယ် အကိုပြန်လိုက်ပါ့မယ် "
"ပြန်မနေပါနဲ့  တော်တော် ညနက်နေပြီ"ကျွန်တော်က ပြောလိုက်မှ သူက ကျွန်တော့်ကို ပြုံးပြလေသည်။
ကျွန်တော့်အခန်းထဲက တစ်ယောက်အိပ်ကုတင်လေးကို ကြည့်ကာ လေးယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။
ဟိုနှစ်ကောင်က သင်ဖျူးဖျာတွေ ယူကာ ကြမ်းပြင်မှာခင်းလိုက်သည်။ ဒါသူတို့အိပ်နေကြကိုး။ ထို့နောက် ဖက်တုံး ကို နှစ်ယောက်ခေါင်းအုံးဖို့ လုပ်လိုက်သည်။ ​စောင်ကတော့ ၃ထည်လောက်ရှိတာမို့ မပူရ။
ဟိုနှစ်ယောက်က ဘာမှ မပြောဘဲ အိပ်ကြတဲ့အခါမှ....
"ကိုးကိုး... အိကျီ လဲ ခြင်တယ်..."
"သြော် ကျွန်တော့်မှာ size အကြီးရှိတယ် ''
ကျွန်တော်  အားကစားဝတ်စုံ တစ်စုံထုတ်
ပေးလိုက်သည်။
သူက အဲ့ဝတ်စုံကို ရေချိုးခန်းထဲ သွားလဲ နေချိန် ကျွန်တော်က ကျွန်တော့် အိပ်ရာပေါ်က လိပ်ခေါင်းအုံးလေးကို.ယူကာ ဟိုနှစ်ကောင့်ဘေးဝင်အိပ်လိုက်သည်။
.......
.......
#ဟော....သူ့သူငယ်ချင်းတွေ ကြား ဝင်အိပ်နေတဲ့ အကောင်ပေါက်လေး.... စောင်တွေလဲ လွတ်လို့....#
ကျွန်တော် သူ့ကို ပွေ့ကာ ကုတင်ပေါ်တင်ပေးလိုက်သည်။ ထို့နောက် စောင်ခြုံပေးကာ...
နဖူးလေးကို တစ်ချက်နမ်းလိုက်သည်။

ထို့နောက် ခေါင်းအုံးနဲ့ စောင် ယူကာ ဘေးက ခေါက်ကုလားထိုင်ပေါ် အိပ်လိုက်သည်။
........
.....
ညက ၁နာရီမှ အိပ်ဖြစ်ကြသော်လည်း...
၄နာရီလောက်ကျ ကျွန်တော်နိုးလာသည်။
ဆောင်းတွင်းဖြစ်သောကြောင့် ကောင်းကောက်းမလင်းသေး မှုံတဝါးဝါး.....

#ငါကုတင်ပေါ်ရောက်နေတာဘဲ.....#
တွေးရင်းတစ်ချက်ပြုံးမိသည်။
#ကျွန်တော် Daddyကို အချိန်ခနလေးအတွင်း အရမ်းချစ်မိသွားပြီ Daddy။
ကျွန်တော် ဆိုးသမျှ ကို သည်းခံပေးပါDaddy၊ ကျွန်တော် Daddyရဲ့ ကောင်ဆိုးလေးဖြစ်ပါရစေ#
................
.........
ကျွန်တော် အိပ်ရာက နိုးတော့ phကို ကောက်ဖွင့်လိုက်တော့ ၄နာရီ ၂၀ရရှိပြီ။
ကျွန်တော့်ဘေးက ကျွန်တော့်ချစ်သူကို ကြည့်လိုက်တော့ အိပ်နေတာ နိုးမည့်ပုံမပေါ်။ သင်ဖျူးပေါ် အိပ်နေသောကြောင့် ကျောတွေနာလောက်ရောပေါ့...ကျွန်တော်...ရှိန့် ရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်တော့ ရှိန်က နိုးလာကာ...ကျွန်တော့်ခါးကို ပြန်ဖတ်လိုက်သည်။ ကျွန်တော့် အနမ်းတွေကို ပြန်တုံ့ပြန်လာတဲ့ သူ့ကို ချစ်လို့ပင်မဝ

Let me be your Bad Boy (Completed) Where stories live. Discover now