Let me be your Bad Boy Ep(2)

11.8K 723 40
                                    

Unicode

Ep2

အိပ်ရာမှ လူးလဲထတော့
၉နာရီမက်တင်းနေပြီဖြစ်သည်။

"မား က လာမနှိုးဘူးထင်ပါရဲ့"
အိပ်ရာပင်မသိမ်းနိုင် ကရောသောပါး ထပြီး
ရေချိုးရသည်။

မှန်ရှေ့ရပ်၍ sun creamလေးလိမ်းရင်း...
"ကျောင်းနောက်ကျလည်း အသားအရည်က အသားအရည်ပဲ ..ဟဲ..ဟဲ''
ထို့နောက်   အပေါက်များပါသော ဂျင်းဘောင်းဘီ  ​အဖြူရောင် ကို အထဲက T shirt အနက်ဝတ်ပြီး အပြင်က ဂျင်းဂျာကင်အဝါ ထပ်ကာဝတ်လိုက်သည်။

ထို့နောက် လွယ်အိတ်ကောက်ကိုင်ပြီး မားဆီကို မုန့်ဖိုးတောင်းရသေးသည်။

"မား  ကိုး အတွက် မုန့်ဖိုး"

လက်ကလေးဖြန့်တောင်းလိုက်တော့ မားက
ကျွန်တော့်လက်ဖဝါးကို ရိုက်လိုက်ကာ
"တနေ့က တစ်ပတ်စာပေးထားတယ်လေ"

ဟုတ်သားပဲ၊ ဟိုနေ့က အကုန်သုံးပစ်တာလေ၊ ရှိမှမရှိတော့တာ။
"လုပ်ပါ မားရယ် သားမှာ ပိုက်ဆံ မရှိတော့ဘူး"
"ကဲ ကဲ ရော့ရော့ မပြောချင်ဘူး ပေးထားရင် ပေးထားသလောက်ကုန်နေတာ ၊ နင့်ကိုယူမယ့် လူတော့ မလွယ်ဘူး၊ နင်က လုပ်မကျွေးဘဲ သူတို့က လုပ်ကျွေးရမှာ ငါမြင်ပြီး ရင်လေးတယ်"

မားက ပွစိစိနဲ့ ပြောလိုက်တော့ ဟိုလူ့မျက်နှာက မြင်လာသည်။
#ဘုရား ဘုရား သူနဲ့တော့ မဟုတ်ပါစေနဲ့#
စိတ်ထဲ တွေးပြီး လက်ပေါ်က ပိုက်ဆံ ကြည့်လိုက်တော့ ၁၀၀၀တန်လေး တစ်ရွက် ။

"မား.... မှားပေးနေပြီ ၊ တစ်ထောင်တန်ကြီး"
ဟဲ့ နင့်ကို အသွားအပြန် ကားခ ပေးတာ၊ သွားတော့....မယူချင်လဲ ထားခဲ့"

ဒီခေတ်ကြီးထဲ ၁၀၀၀တည်းနဲ့ ဘာလုပ်လို့ရမှာလဲ။
ဒါသက်သက်မဲ့ ပညာပြနေတာ ၊ သိတာပေါ့။
ဘယ်ရမလဲ မယူပါဘူး။
ပိုက်ဆံမပါလဲ ကျောင်းရောက်အောင်သွားပြမယ်။

"ရော့ မားပိုက်ဆံ မယူဘူး သွားပြီ"
"အေး မယူနဲ့"

ဟင်.... အရင်ကလို ပြန်တောင်မချော့တဲ့ အပြင် ပိုက်ဆံ ပါ သိမ်းသွားသည်။

"ဟူး....."
စိတ်ညစ်ညစ်နဲ့ လမ်းလျောက်ထွက်လာလိုက်တာ။
တော်တော်နဲ့ ခရီး မရောက်ဘဲ မောတာပဲ အဖက်တင်၏။

Let me be your Bad Boy (Completed) Where stories live. Discover now