Let me be your Bad Boy Ep(1)

39.3K 1.2K 100
                                    

အခန်း၁

ပထမဆုံး ကျောင်းစတက်သည့် ရက်ဖြစ်သည်။

"ဟူး....အေးလိုက်တာ၊ အေးပါတယ်ဆိုမှ လေက တိုက်နေသေးတယ်၊ လခွမ်း''

ပါးစပ်ကလည်းပြောရင်း ခန္ဓာကိုယ်လေးကို တုန်လိုက်သည်။

ဂျင်းဘောင်းဘီ အရှည် အနက်ရောင်ဒူးပြဲ ကို ဟူဒီ အဖြူနဲ့ တွဲ ဝတ်ကာ သားရည်ကွင်းထိုးဖိနပ်လေး စီးထားသည်။
ချည်လွယ်အိတ်လေးကို ခေါင်းမှာစွပ်ပြီး အရှေ့ချထားလိုက်သည်။

"ဟို ငါ့သားများ ကြာလိုက်တာ၊ ပေါ်ကိုမလာဘူး"

ပြောရင်းဆိုရင်း ပိတောက်ပင်အောက်က ခုံလေးပေါ် ထိုင်လိုက်သည်။

ပြောပြီးမကြာပါ။ အသက်ရှည်အုံးမယ်။ဟော..ဟိုမှာ မောင်မောင်ဦး နဲ့ ခန့်ရှိန်၊

"ဟေး၊မောင်မောင်မောင်ဦး မင်းအဖေက ဒီမှာ"

မောင်မောင်ဦးက ကျွန်တော့် ဂုတ်ပိုးကို ရိုက်ကာ
"မောင်မောင်ဦး လို့ခေါ်စမ်းပါကွ၊မောင်ကို ၃ခါဖြစ်အောင် မလုပ်နဲ့"
"ခန့်ရှိန်၊ ဒီနေ့ အစီ အစဥ်လေးပြောပါအုံး"

"ဘာမှ အစီအစဥ် မနေနဲ့၊ဒီနေ့မှ ကျောင်းစတက်တာနော်၊ ကျောင်းဖွင့်တာက ၂ပတ်ရှိပြီ။ အတန်းထဲခနလောက် ထိုင်ဦးဟ''

ဟုတ်တာပေါ့၊ ကျောင်းလေးတော့တက်ဖူးတယ်ရှိအောင် တက်အုံးမှပါ။
ကျွန်တော်တို့ ၃ယောက် ကျောင်းအကျယ်ကြီးထဲ မျက်စိလည်လည်နဲ့ သွားလိုက်တာ ၄၅မိနစ်လောက်ကြာမှ သင်္ချာ မေဂျာဘက်ကိုရောက်သည်။

"လခွမ်း ၊  မျက်စိတွေကိုလည်နေတာ"

ခန့်ရှိန်က ဆဲနေတော့ ကျွန်တော် ရယ်ချင်သွား၏။
တကယ်တော့ ကျွန်တော်တို့က အူကြောင်ကြားဖြစ်တာရယ်ပါ။
သင်္ချာမေဂျာ၏ နေရာကိုမသိလို့ တစ်ကျောင်းလုံးပတ်ပြီး လမ်းလျှောက်လိုက်ရတာကိုး။

ကျွန်တော်တို့လဲ စတွေ့တဲ့ (C)အခန်းထဲ ဝင်နေလိုက်၏။

နောက်ဆုံးအတန်းမှာနေပြီး လုပ်ချင်တာလုပ်နေမိပြန်သည်။
စာအုပ်ကလည်း မရသေးဘူးရယ်။
ဆရာမကတော့ ၁၀တန်းတုန်းက ရှိတ်တဲ့အခန်းတွေ ပြန်နွေးပေးနေသည်။

Let me be your Bad Boy (Completed) Where stories live. Discover now