"သွားမယ်လေ..."
"အဲ့ဒါဆို အမေ ကျွန်တော်တို့သွားလိုက်ပါဦးမယ် ခွင့်ပြုပါဦး..."
"ဟုတ်ပြီ သား ကားကိုဂရုစိုက်မောင်း...။သမီး ဟိုရောက်ရင် ph ဆက်နော်..."
"ဟုတ်ကဲ့..."
ကားကိုမောင်းထွက်လာပြီးလျှင် ဘေးခုံမှာ မင်သေသေနှင့်ထိုင်နေသည့် သူမကိုကြည့်လိုက်တော့ အဖက်လုပ်ဖို့စိတ်ကူးရှိပုံမရသောကြောင့် အရေးလုပ်ခံချင်သည့်သူကပင် အရင်စကားစရသည်။
"မနက်စာစားပြီးပြီလား.."
"ပြီးပြီ"
"ဟုတ်လား...ဘာစားတာလဲ ကိုယ့်ကိုပြောပြပါဦး..."
"Sandwich နဲ့ နွားနို့"
"အွန်း...ကိုယ်ကတော့ ဘာမှမစားရသေးဘူး...။မင်းနဲ့အတူတူစားမယ်ဆိုပြီးတော့ ဟိုတယ်ကနေ တမင်စားမလာခဲ့တာ..."
သူမက ထိုစကားကိုကြားလျှင် အစောတုန်းကလို ပေစောင်းစောင်းမပြောတော့ဘဲ သူ့ဘက်ကိုသေချာလှည့်ကာ ပြန်ပြောလာသည်။
"အဲ့ဒါဆို တစ်ခုခုစားလေ...။ကျွန်မကို အားနာစရာမလိုဘူး...။မြို့ထဲကမထွက်ခင် မနက်စာအရင်စားလိုက်"
"မင်းရောမစားဘူးလား...အတူတူစားရအောင်လေ...။ကိုယ်တစ်ယောက်ထဲ မစားချင်ဘူး..."
"ကျွန်မကစားပြီးပြီလို့ ပြောပြီးပြီလေ"
"အဲ့ဒါဆိုတော်ပါပြီ မစားတော့ဘူး...။နားတဲ့နေရာရောက်မှပဲ နေ့လည်စာနဲ့ပေါင်းစားလိုက်မယ်..."
"ကျစ် ကျွန်မ မစားလဲ ကိုယ့်ဘာသာစားလို့ရနေတာကို...။မနက်စာမစားရင် ကျန်းမာရေးထိခိုက်တယ်ဆိုတာ ဒီအရွယ်ကြီးတောင်ရောက်နေပြီ မသိဘူးလား...။တစ်နေကုန် ကားမောင်းရဦးမှာနဲ့ဘာနဲ့ကို မနက်စာတောင်မစားရသေးတဲ့လူဘေးကနေ အခန့်သားထိုင်မစီးချင်ဘူး...။အခုပဲ တစ်ခုခုစားလိုက်"
သူမ၏ ဆူသလို အမိန့်ပေးသလိုစကားတွေကို သူက သဘောတကျရယ်၍
"အစားအသောက်ကိုအလေးထားတဲ့စိတ်က ကိုယ့်ကိုတောင် မပစ်ပယ်ရက်ဘူး...။ဟုတ်ပါပြီ အဲ့ဒါဆို ဘာစားရမလဲပြောပါဦး...ကိုယ်မသိလို့"
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေး...
Propose💍
Start from the beginning
