Propose💍

Mulai dari awal
                                        

"ဘာလဲ ညအိပ်သွားရမှာလား...ဘာကိစ္စနဲ့လဲ"

"ဒီကနေ မနက်သွားရင် ဟိုကို ညနေလောက်မှရောက်မှာလေ ညအိပ်မှရမှာ...။သွားရတဲ့ကိစ္စကတော့ ဟိုရောက်ရင်သိရလိမ့်မယ်...။စိတ်ချပါ...ကိုယ် မင်းကို လက်မထပ်ရသေးဘဲ လုံးဝမထိဘူး...ဘာမှမကြောက်နဲ့"

"ကြောက်မနေဘူး...။ထိရဲထိကြည့်ပါလား... ချက်ချင်းပွဲဖျက်ပစ်လိုက်မှာ"

"အဲ့လိုဖျက်မယ့်စကားတွေ မပြောပါနဲ့လား သဲရယ်...။ကျန်တာဘာမှမကြောက်ပေမဲ့ သဲနဲ့ပတ်သက်ရင်တော့ ရင်တုန်ရလွန်းလို့ပါ။ကိုယ် ဘာမှမလုပ်ဘူး...နော် စိတ်ချ။မနက်ကို လာခေါ်မယ် စောင့်နေပေး..."

"ဒါပဲမို့လား...ph ချလိုက်ပြီ"

"Good night သဲလေးကိုအရမ်းချစ်တယ်..."

မနေနိုင်အောင်ရှုံ့မဲ့သွားမိသောသူမက ph ချပြီးသည်နှင့် စိတ်တွေကြည်ဖို့အတွက်ကို ရေထသောက်လိုက်ရသည်။ကလောကို ဘာကိစ္စနှင့်သွားမည်မှန်းမသိရပေမဲ့ အိမ်ကိုလာခေါ်မည်မို့ မနက်ကျလျှင် ကလန်ကဆန်လုပ်လို့တော့မရပါ။အိတ်ထဲကို အဝတ်အစားနည်းနည်းထည့်ကာ ပြင်ဆင်ပြီးလျှင် တစ်နေကုန် စိတ်ရောလူပါပင်ပန်းထားရသောကြောင့် မနက်ဖြန်အကြောင်းကို ကြိုတွေးပြီး စိတ်ညစ်မခံတော့ဘဲ အကုန်လုံးကိုလွှတ်ချ၍သာ အိပ်ရာဝင်လိုက်တော့သည်။

-----------------------***************------------------------

နံနက်ရောက်လျှင် alarm မမြည်ခင်နိုးလာသောသူက အချိန်ကိုကြည့်လိုက်တော့ alarm ပေးထားသည့်အချိန်မှာ ဆယ်မိနစ်လောက်ပဲလိုတော့သည်မို့ အိပ်ရာမှထလိုက်တော့သည်။ရေတစ်ဘူးကိုကောက်မော့လိုက်ရင်း ဟိုတယ်မှန်ပြတင်းပေါက်အကျယ်ကနေ လှမ်းမြင်နေရသည့် မန္တလေးတောင်ကိုငေးကြည့်ကာ သူမလေးနှင့်သွားခဲ့သောအချိန်ကိုပြန်တွေးလိုက်မိလျှင် သူက နိုးနိုးချင်းသတိရစိတ်ဖြင့် ph ကိုယူပြီး message ပို့မိသည်။

Morning ❤️

ထို့နောက် ခပ်သွက်သွက်ရေချိုးကာ ပြင်ဆင်ပြီးသည်နှင့် သူမကိုခေါ်ရန် ထွက်ခဲ့လိုက်တော့သည်။သူရောက်သွားလျှင် သူမအမေကသာ ဆီးကြိုဧည့်ခံ၍ သူမကတော့ ခဏလောက်နေမှ အိမ်အပေါ်ထပ်ကနေ ခပ်တည်တည်နှင့်ဆင်းလာသည်။ယောက္ခမလောင်းနှင့် စကားကောင်းနေသောသူ့အား မကျေနပ်သလိုတစ်ချက်ကြည့်လာရင်း

You are the only Exception!Tempat cerita menjadi hidup. Temukan sekarang