1

540 62 4
                                    

အချိန်သည်ကား...အမှောင်ထုကြီးစိုးချိန်။
လိုရင်းကိုပြောရမယ်ဆိုရင်...ညသန်းခေါင်။

မိုးသည်လည်း အဘယ့်ကြောင့် သည်းကြီးမဲကြီး
ရွာသွန်းနေလဲမသိ။ အမှန်တကယ် ပြောရရင်
မိုးရွာသည့်နေ့တွေကို Yoongiအရမ်း မုန်းပါသည်။
မိုးဆိုသည်မှာ တော်တော်နဲ့ မတိတ်နိုင်။ သူကလည်း
စောင်ကိုခေါင်းထိခြုံရင်း ကျိန်ဆဲလိုက်သည်။

"S**t... သောက်မိုး !! အကျိုးမပေးဘူး။"

ဒီနေ့အပြီးလုပ်ရမည့် ကုမ္မဏီစာရင်းများမှာ စားပွဲပေါ်တွင်
ပြန့်ကျဲလို့နေသည်။ မီးလည်းပျက်နေသည်မို့ ဘယ်လိုမှ
စာရင်းလုပ်လို့မရ။ ထို့ကြောင့် ကုတင်ပေါ်သို့တက်၍
အိပ်ပျော်အောင်အိပ်ရန် ကြိုးစားကြည့်လိုက်သော်လည်း
မအောင်မြင်။ ထိုအချိန်မှာ Haniသာ ရှိနေရင်ဘယ်လောက်
တောင်ကောင်းမလဲ ဆိုပြီး သူတွေးလိုက်သည်။

"Hmm? အခုငါ သူမအကြောင်း တွေးလိုက်တာလား ?
S**t... Min Yoongi မင်းအဲ့ကောင်မလေးအကြောင်း
ကို မတွေးဘဲ နေလို့ မရဘူးလားကွာ F**k"

ထိုသို့ကျိန်ဆဲရင်း စိတ်တို့က အတိတ်ကအချိန်ဆီသို့

အသက်18နှစ်ခန့်

"ဘာ !!!"

အလန့်တကြားသူအော်လိုက်တာကြောင့်
မီးဖိုချောင်ထဲရှိ ဟင်းချက်နေသော သူ့အမေတောင်
လန့်ဖြန့်ပြီး လက်ထဲက ယောက်မကို အဝေးကို
လွင့်ပစ်လိုက်သည်။

"သားလေး..ဘာဖြစ်တာလဲ ?!"

သူ့ဆီသို့ အပြေးလာပြီး စိတ်ပူသော မျက်ဝန်းတို့ဖြင့်
ကြည့်ကာ မေးလိုက်သော်လည်း ကြက်သေသေနေသော
Yoongiက ဘာမှ ပြန်မပြောလာချေ။

"....အမေ သား haniတို့အိမ်ကို ခဏသွားလိုက်ဦး"

ဟုဆိုကာ သူ့အမေရှေ့က ထွက်လာလိုက်သည်။
သူ၏အမေက သက်ပြင်း အရှည်ကြီးချကာ စောစောက
လုပ်နေသည့်အလုပ်အား ပြန်လုပ်နေလိုက်သည်။
သို့ပေမယ့် Yoongiလက်ထဲရှိ စက္ကူလုံးအား
သူ့အမေမမြင်လိုက်။

(-.•.-)

"Ommani... Haniရှိလားဟင်"

The Piano boy[Suga x Oc]*Completed*Where stories live. Discover now