~The piano boy~Intro

Start from the beginning
                                    

"ဟင်းးးးး ရေခဲ သေတ္တာထဲမှာ သွားယူစား။"

သူ ထွက်သွားမယ် ကြံတုန်း

"ခနနေဦး။"

ထိုအဒေါ်ကြီးစကားကြောင့် သူ့ခြေလှမ်းတို့ ရပ်တန့်သွားပြီး
အနောက်သို့ ပြန်လှည့်လာကာ

"ဘာပြောမို့လဲ မေမေ..."

သဘောမကျသည့် အကြည့်မျိုးဖြင့်မေးလာသည်။

"Haniလေးကိုပါ ခေါ်သွား။ ညီမလေးကို အနိုင်မကျင့်
နဲ့နော်...သွား ကိုကိုနဲ့ လိုက်သွား သမီးလေး"

"ဟုတ်။"

သူမ မလိုက်ချင် လိုက်ချင်နှင့် တွန့်ဆုတ်တွန့်ဆုတ်
သွားနေသည့် သူမကြောင့် သူ တစ်ချက်လှည့်ကြည့်ကာ

"ဒီမှာ...Hani လိုက်မှာလား မလိုက်ဘူးလား
မြန်မြန်ပြော !!!"

သူ အော်ပြောလိုက်တာကြောင့် သူမ ချက်ချင်းပင်
မျက်ရည်ဝဲသွားသည်။

"ကိုကို ကလည်း ဒီမှာ တော်တော်ဝမ်းနည်းသွားပြီ။"

"ကျစ်"

ချွဲပျစ်ပျစ်ပြောလာသော သူမစကားကြောင့်
သူစုတ်သပ်တစ်ချက်သပ်လိုက်ပြီး သူမ၏ လက်ကို
ဆွဲကာ အိမ်ထဲသို့ ခေါ်သွားလိုက်သည်။

"ကိုကို"

"တိုးတိုးနေ...ငါနားညီးတာမကြိုက်ဘူး။"

ဟုဆိုကာ အိမ်ထဲ၌ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ချပေးလိုက်သည်။ ထို့်နောက်...

"ခဏနေဦး...ငါ ချောကလတ် ကိတ်သွားယူလိုက်ဦးမယ်။"

ခဏနေတော့ မီးဖိုချောင်ထဲကနေ ချောကလတ် ကိတ်ဘူးနှင့်
ထွက်လာသော ကိုကို။ အဝေးကနေကြည့်လျှင်
အရမ်းချောသည်မို့ သူမ သူ့ကို အရမ်းသဘောကျသည်။
ရင်လည်းခုန်သည်။
ချောကလတ်ကိတ်ကို စားပွဲပေါ်တွင် ချကာ
သူမ၏လက်ကို ဆွဲ၍ အခန်းတစ်ခန်းထဲသို့ ခေါ်သွား
လိုက်သည်။ ထိုအခန်းမှာ ဖုန်များတက်နေသည်။
ထူးဆန်းသည်က အသစ်စက်စက်ရှိနေသည့်
စန္ဒယားတစ်လုံး။

"ဒီမှာ ခဏထိုင်ဦး"

သူမကို ဟောင်းနွမ်းနေသည့် ခုံပေါ်တွင် ထိုင်ခိုင်းလိုက်သည်။
သူ စန္ဒယားအရှေ့ရှိ ခုံပေါ်တွင် ထိုင်လိုက်သည်။
ထို့နောက် သူ၏ ဖြူဥနေသော လက်သွယ်သွယ်လေးများ
ချလိုက်သည့် နေရာကား စန္ဒယားအပေါ်သို့။
ပညာရှင်ပီသစွာ တီးနေသည့် သူ၏ ရုပ်ရည်ကိုကြည့်ပြီး
သူမမှင်သက်သွားရပြန်သည်။ ခံစားချက်နှင့်
အညီတီးနေသည့် သူ၏ pianoအသံမှာ လုံးဝကို
နားဝင်ချိုသည်။ ခဏနေတော့ ရပ်သွားပြီး
သူ့မျက်လုံးထဲ မျက်ရည်အချို့ စီးဆင်းလာသည်။

The Piano boy[Suga x Oc]*Completed*Where stories live. Discover now