Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ

Start from the beginning
                                    

စီနီယာအကိုကြီးကအမှတ်တမဲ့ဖြင့်ထပ်မေးသည်။

"ဘာဖြစ်လို့လဲ?"

ယန်ထျန်းဟန်ကဝါးအိမ်လေးများရှိရာသို့လှမ်းကြည့်လိုက်ပြီနောက်နစ်မြှုပ်ဓားတောင်ထွတ်မှဖန်ရောင်စုံများဖြင့်တည်ဆောက်ထားသောနန်းတော်တမျှအဆောက်အဦးများအားပြန်စဉ်းစားကာရုတ်တရက်အော်ငိုချင်မိသွားသည်။

စီနီယာအကိုကြီးကသူဘာစဉ်းစားနေလဲဆိုတာကိုသိလိုက်တာနဲ့ချက်ချင်းပင်ပေါက်ကွဲတော့၏။

"မင်းလိုကောင်စုတ်လေးကဘာများသိလို့လဲ?ဒီကဝါးတစ်ချောင်းချင်းဆီတိုင်းကမင်းထက်ပိုပြီးတန်ဖိုးရှိတယ်ကွ,အကယ်၍မဟာအကြီးအကဲလန်ယွဲ့တောင်ဒီကိုလာပြီးနေချင်ရင်ငါ့ရဲ့ခွင့်ပြုချက်ကိုတောင်းဆိုဖို့လိုအပ်တယ်...ကံကောင်းလို့တောင်နေရတာမဟုတ်ဘူးမင်းကအဲ့ဒါကိုတန်ဖိုးမထားဘူး..မဟုတ်ရင်လည်းမင်းအပြင်ဘက်ကကျောက်တုန်းကြီးတွေပေါ်မှာအိပ်ရင်အိပ်လေ"

ယန်ထျန်းဟန်ကနှလုံးသားထဲမှာသာသက်ပြင်းချလိုက်ပြီးသူ့မျက်နှာပေါ်မှာတော့အပြုံးကိုပြန်ဆင်မြန်းလိုက်သည်။

"စီနီယာအကိုကြီးကတော့နောက်နေပြန်ပြီ,ကျွန်တော်လည်းဒီနေရာကိုဆိုးဝါးတယ်လို့မထင်မိပါဘူး"

စီနီယာအကိုကြီးကကပ်လျက်အခန်းတစ်ခုကိုလက်ညှိုးထိုးပြသည်။

"ဒါကမင်းအခန်းပဲ,နောင်ကိုဒီမှာနေလို့ရတယ်...အလယ်ကတစ်ခန်းကငါ့အခန်း...ဘက်ဘက်အခန်းကတော့လောလောဆယ်လွတ်နေတယ်...မင်းကျားပေါက်လေးနှစ်ကောင်ကိုခေါ်လာတာတွေ့တယ်အခုတော့သူတို့ကိုအဲ့ဒီမှာနေခိုင်းလို့ရတယ်"

ယန်ထျန်းဟန်ကသူ့ကိုအလျင်စလိုကျေးဇူးတင်လိုက်သည်။မိနစ်ပိုင်းမျှစဉ်းစားပြီးနောက်မှာတော့တစ်ခုခုကသိပ်မမှန်ဘူးဟုခံစားလာရ၏။

"အာ...စီနီယာအကိုကြီး,ဒီတောင်ပေါ်မှာအိမ်သုံးလုံးပဲရှိတာလား?" ယန်ထျန်းဟန်ကမေးသည်။

"စုစုပေါင်းမှဘယ်လောက်မှမရှိပဲမင်းကဘယ်လောက်တောင်လိုချင်နေတာလဲ?" လူရွယ်လေးကနောက်တစ်ဖန်သူ့ရဲ့ထက်ရှတဲ့တုန့်ပြန်မှုကိုပေးပြန်သည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now