Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ

Start from the beginning
                                    

ယန်ထျန်းဟန်, "...အန်?"

"အန်,ဘာကိုအန်လဲ,မင်းရဲ့ပထမဆုံးသင်ခန်းစာက စား,စား,စားပဲ!"

လူရွယ်လေးကနောက်ဆုံး,ဆုံးဖြတ်ချက်ကို*တူတစ်ချက်နဲ့အဆုံးသတ်လိုက်သည်။

ယန်ထျန်းဟန်ကခက်ခက်ခဲခဲတံတွေးမျိုချလိုက်ပြီးတိုးတိုးလေးပြန်ပြောသည်။

"ခင်ဗျားလည်းဖြူဖွေးဝကစ်နေတာမဟုတ်ပဲနဲ့များ"

လူရွယ်လေးကယန်ထျန်းဟန်အားမထီမဲ့မြင်ဟန်ဖြင့်ကြည့်လေသည်။

"အရူး,ငါကဝကစ်မနေပေမယ့်ဖြူတယ်လေ...မင်းကိုယ်မင်းလည်းကြည့်ဦး'ဖြူဖွေး'တယ်ဆိုတဲ့စကားတွေ'ဝကစ်'တယ်ဆိုတဲ့စကားတွေနဲ့ဘယ်တစ်ခုကများမင်းနဲ့ကိုက်ညီနေလို့လဲ"

ယန်ထျန်းဟန်သည်သူ့မျက်နှာပေါ်ကအက်ကွဲကြောင်းများကိုပြန်ခံစားလိုက်ပြီးနောက်ဒီစီနီယာအကိုကြီးရဲ့စကားလုံးတွေကအတော်လေးအကျိုးအကြောင်းသင့်တယ်လို့ခံစားလိုက်ရသည်။

ဒါပေမဲ့လည်းအကယ်၍သူစားနေရင်တောင်သူ့မျက်နှာပေါ်ကလိုင်းတွေပျောက်သွားအောင်စားလို့မှမရတာ!

အဲ့ဒီလိုပြောမှသူ့အသားအရည်ကသူ့အကိုကြီးရဲ့အသားအရည်လိုအရမ်းဖြူလွန်းလို့တောက်ပလုနီးပါးဖြစ်နေတဲ့ထိမဖြူဘူးဆိုပေမယ့်မဲလည်းမမဲပါဘူးနော်,ဟုတ်ပြီလား?

အမ်း,အထူးသဖြင့်မှောင်မိုက်မနေပါဘူး..

ထိုစီနီယာအကိုကြီးနောက်ကနေလိုက်လာပြီးသိပ်မကြာခင်မှာပဲယန်ထျန်းဟန်ကပြေပြစ်ရှင်းလင်းသည့်ဟင်းလင်းပြင်တစ်ခုကိုမြင်လာရသည်။

ထိုနေရာတွင်အနက်ရောင်ဝါးများဖြင့်ဆောက်လုပ်ထားသည့်အဆောက်အဦးအနည်းငယ်ရှိနေပြီးသူတို့ဘေးမှာတော့ကြက်နှင့်ဘဲများမွေးမြူသည့်ဝါးခြံစည်းရိုးလေးများစွာရှိနေသည်။

ယန်ထျန်းဟန်ကနူးညံ့သည့်အသံလေးဖြင့်မေးလိုက်သည်။

"အမ်း...,စီနီယာအကိုကြီး?"

"ပြော"

"အကိုကြီးပြောတော့အစားအသောက်တွေနဲ့အဝတ်အထည်တွေအားလုံးကအရည်အသွေးအမြင့်ဆုံးတွေချည်းပဲဆို?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now