Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း

Start from the beginning
                                    

လင်ရွှမ်းဇီကရုတ်တရက်ဉာဏ်အလင်းပွင့်သွားသလိုခံစားလိုက်ရသည်။

[ဟုတ်တယ်,လက်မှုထွင်းထုတဲ့လမ်းကြောင်းကဘယ်လိုများဒီလောက်ရိုးရှင်းမှာလဲ?]

သို့သော်လည်းသူ့အတိတ်ဘဝတုန်းကဝိဉာဉ်ပြားသည်လက်မှုကိရိယာထွင်းထုခြင်းအားအစကနေအဆုံးထိလမ်းညွှန်ပြသပေးပြီးကမ္ဘာနောက်ပြန်မှန်ကိုဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုတာအားသင်ကြားပြသပေးသော်လည်းဒီလိုအရာမျိုးကိုတော့ဘယ်တုန်းကမှမသင်ကြားခဲ့ဘူးပေ။

ပြန်တွေးကြည့်လိုက်တော့မှသူအကြောင်းပြချက်ကိုနားလည်သွားရသည် —တကယ်တော့လည်းသူ့ရဲ့အရင်ဘဝမှာတုန်းကလက်မှုကိရိယာထွင်းထုခြင်းကိုစတင်ပြုလုပ်ရတဲ့အကြောင်းဟာအားဟန်အသက်ရှင်ရက်ရှိနေဆဲအချိန်နေရာကိုနောက်ပြန်သွားနိုင်ဖို့အတွက်ကမ္ဘာနောက်ပြန်မှန်ကိုပြန်ပြင်ဆင်နိုင်ဖို့ပဲလေ

အဲ့ဒီကွဲနေတဲ့မှန်ကိုပြန်ပြင်ဆင်ဖို့အတွက်သူနှစ်ပေါင်းတစ်ထောင်လောက်အချိန်ယူလိုက်ရတယ်....

အစကနေပြောရမယ်ဆိုရင်တော့သူကအမြင့်ဆုံးမှော်ရတနာသန့်စင်သူတစ်ယောက်ဖြစ်လာဖို့ရည်ရွယ်ချက်မရှိခဲ့သလိုဝိဉာဉ်ပြားကလည်းအဲ့ဒီအချိန်တုန်းကသူဘာစဉ်းစားနေလဲဆိုတာသိခဲ့တာကြောင့်သူ့အပေါ်မှာအပိုအင်အားစိုက်ထုတ်ခြင်းမရှိခဲ့တာပင်။

သို့သော်လည်းဒီဘဝကစတင်ပြီးနေပြီလေ...လင်ရွှမ်းဇီကလက်မှုပညာရှင်တစ်ယောက်ဖြစ်ချင်ယုံတင်မကပဲထူးခြားတဲ့မှော်ရတနာတွေကိုလည်းသန့်စင်ချင်သေးတယ် —ဒါကသေချာပေါက်လက်မှုပညာရှင်တိုင်းရဲ့အိမ်မက်ပဲဖြစ်လိမ့်မယ်...

သူ့နှလုံးသားကယခင်တုန်းကတော့ဓားလမ်းကြောင်းတစ်ခုတည်းနဲ့သာပြည့်နှက်နေခဲ့သော်လည်းအခုချိန်မှာတော့မသိမသာဖြင့်ပင်လက်မှုပညာရှင်လမ်းကြောင်းပါဝင်ရောက်လာခဲ့လေပြီ။

ရှေးခေတ်မှယနေ့ခေတ်အထိသမိုင်းကြောင်းကိုလေ့လာခဲ့ပြီးနောက်ကောင်းကင်နှင့်မြေကြီးကိုထပ်မံကြည့်ရှုလိုက်တဲ့အခါမှာလင်ရွှမ်းဇီသည်သူ့ရဲ့အရေးမပါမှုကိုရုတ်တရက်ခံစားလိုက်ရသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now