13

3.3K 243 13
                                    

Zawgyi

"Lili နင်​ကလည်း ကြာလိုက်​တာမပြီး​သေးဘူးလား "

Chaeng က Lisa ကို စိတ်​မရှည်​တဲ့ အသံနဲ့​ပြောလာတယ်​။

Je Je ကိုလည်း လက်​က ဆွဲထားလို့ ..။

" ပြီးပါပြီ ဟ ..နင်​ဘာ​တွေ ​လော​နေရတာလဲ ..
လာသွားမယ်​ .."

....

ကား​နား​ရောက်​​တော့

Lisa က ​မောင်းသူ​နေရာမှာ ဝင်​ထိုင်​လိုက်​တယ်​ ။
ခုထိ ကား​ပေါ်မ​ရောက်​​သေးတာက
chaeng တို့သုံး​ယောက်

" unnie က ​ရှေ့မှာထိုင်​လိုက်
Chae က Je Je နဲ့​နောက်​မှာ ထိုင်​လိုက်​မယ်​ .."

"ရပါတယ်​ ချယ်​​ယောင်းရဲ့ ..unnie ​နောက်​မှာပဲ ..
Je Je ​လေးနဲ့ ထိုင်​လိုက်​ပါ့မယ်​ .."

"ဒီမှာ ..ဒီ​နေ့​ရော ကား​ပေါ် တက်​ကြအုံးမှာလား .."

Lisa ဝင်​​ပြောလိုက်​​တော့မှ ..

" Lalisa ..နင်​ကလည်း နင့်​စိတ်​ကြည့်​ပဲ ..unnie က
ရှေ့မှာ ထိုင်​လိုက်​​တော့​နော်​ "

Chaeng က Je Je နဲ့တူတူ ​နောက်​ခန်းမှာ ဝင်​ထိုင်​လိုက်​တယ်​ ။

နောက်​က chaeng နဲ့ Je Je တို့က ​တော့ မုန့်​စားလိုက်
စကား​တွေ ​​ပြောလိုက်​နဲ့ ဆူညံလို့

ပတ်​ချယ်​​ယောင်း တစ်​​ယောက်​က​တော့ မုန့်​စားနိုင်​စွမ်းက​တော့ က​လေးထက်​သာတယ်​ ..
အခုလည်း Je Je မုန့်​​တွေ ကို Je Je နဲ့ အပြိုင်​စား​နေ​လေရဲ့ ..။

ဘေးနားက Rubyjane တစ်​​ယောက်​က​တော့
Chaeng တို့ နှစ်​​ယောက်​ စား​နေတာ​တွေ ..စကား​တွေ ​ပြောတာကြည့်​ပြီး ရယ်​​နေ​လေရဲ့ ..။

လေး​ယောက်​ထဲမှာ တိတ်​ဆိတ်​လွန်း​နေတာက Lisa ပဲ

မသိရင်​ သူတို့အတွက်​ ကိုယ်​က ဒရိုင်​ဘာကြလို့ ..။

အရင်​က Rubyjane​ ကား​မောင်းတဲ့ချိန်​ ​ဘေးမှာထိုင်​ပြီး
Rubyjane ရဲ့ အစိတ်​အပိုင်းတစ်​ခုချင်းစီကို ​ငေးခဲ့မိတာ​တွေကို သတိရ​နေမိတာလည်း ဖြစ်​ချင်​ဖြစ်​မှာ​ပေါ့ ..

......

ကစားကွင်း​ရောက်​​တော့ ..

ချားရဟတ်​​တွေ စီး​နေတုန်းကအ​ကောင်း

You are my kryptonite Donde viven las historias. Descúbrelo ahora