08

3K 195 0
                                    

云☁☁

Zawgyi

"အိပ်​ပုပ်​​လေး lili ​ရေ ထ​တော့ကွာ
၉နာရီ​တောင်​​ကျော်​​နေပြီ ။"

"၅မိနစ်​ မိနစ်​ပဲ ​ပေးအိပ်​"

"မရပါဘူး ခုထ "
ပြောလည်း​ပြောရင်း မမက lili လက်​နှစ်​ဖက်​ကိုဆွဲကိုင်​ရင်း ဆွဲထူ​နေ​လေရဲ့ ။

ဆွဲထူ​နေတဲ့ လက်​နှစ်​ဖက်​ကို ပြန်​ဆွဲလိုက်​​တော့ မမက lili ​ရင်​ဖက်​​ပေါ် ပြုတ်​ကျလာ​တယ်​ ။ မမနဲ့ lili ခု​တော့ မျက်​နှာချင်းဆိုင်​ဖြစ်​​နေတယ်​ ။ မမရဲ့ ပါး​ဖောင်း​ဖောင်းနှစ်​ဖက်​ကို လက်​နှစ်​ဖက်​နဲ့ အသာကိုင်​ရင်း
တစ်​ဖက်​ကိုနမ်းလိုက်​ပြီး ​နောက်​တစ်​ဖက်​ကို
စိတ်​မထိန်းနိုင်​ပဲ ကိုက်​ချလိုက်​​တော့

"အားး နာတယ်​ ဝုတ်​ဝုတ်​မ​လေး ဘာလို့လူကိုလာကိုက်​တာလဲ "

" အဲ့တာဆို မမပါးက​ရော ဘာလို့ ကိုက်​ချင်​စရာ​ကောင်း​နေရတာလဲ "

"အတတ်​မ​လေး လူကို သူကပဲ လာကိုက်​ပြီး ပြန်​ရန်​​တွေ့​နေတယ်​ ဟွန်း"

"စိတ်​ဆိုးသွားတာလား စိတ်​​တော့မဆိုးပါနဲ့
liliရဲ့ အသည်းပိစိ​လေး၊ အသည်း​သေး​သေး​လေး ၊ အူကြူး​လေး ၊ က​လေး​လေး၊ စ​တော်​ဘယ်​ရီလုံး ဂျန်းပုစိ​လေး "

" ဘာလဲ လူကို သူ့ထက်​ငယ်​တယ်​များမှတ်​​နေလား
သေး​သေး​လေး လာလုပ်​ ​နေ။ သူ့ထက်​ကြီးတာကိုပြလိုက်​ရ "

"ဘာပြမှာလဲ ပြ​လေ ပြ အနစ်​နာခံပြီး ကြည့်​​ပေးမယ်​ ဟားဟား "

"lili ​နော်​​တော်​ပြီ ဂင်​မ်​ဂျီ ထမင်း​ကြော်​ လုပ်​ထားတာယ တစ်​​ယောက်​တည်း သွားစား​တော့မယ်​ ..
ထချင်​ထမထချင်​​နေ လုံးဝပဲ "

စိတ်​​ကောက်​​ခြေ​စောင့်​ပြီး တံခါးကို ဒုန်းကတည်းမြည်​​အောင်​​စောင့်​ပိတ်​သွားတဲ့ liliရဲ့ လူသားမ​လေး မမ ။

မမကတခြားမှာ ခပ်​တည်​တည်​နဲ့ ​ချေ​နေတတ်​​ပေမယ့်​ တစ်​ခါတစ်​​လေ က​လေးဆန်​ရင်​ သိပ်​ချစ်​စရာ​ကောင်းတာ ။
မမချွဲ​တဲ့ချိန်​ဆို ပါး​လေး​တွေပဲပို ​ဖောင်းလာသ​ယောင်​ ။ မမက ဘယ်​လို​နေ​နေ ချစ်​စရာ​ကောင်း​နေ​တော့တာပဲ ။
...........

You are my kryptonite Where stories live. Discover now