03

3.8K 258 0
                                    

[Zawgyi]

Chaeng ​ကျေးဇူး​ကြောင့်​နဲ့ မမအိမ်​နဲ့liliအိမ်​က တစ်​အိမ်​​ကျော်​ပဲ ခြားတယ်​ဆိုတာ သိခဲ့ရတယ်​။

အခု​တော့မမနဲ့​တော်​​တော်​ခင်​​နေပါပြီ။ မမအိမ်​ကိုလည်း တစ်​​နေ့တစ်​​ခေါက်​​လောက်​​တော့ ​ရောက်​​အောင်​သွားတယ်​။

မျက်​နှာ​လေးကို တစ်​ရက်​တစ်​​ခေါက်​​လောက်​မှ မမြင်​ရရင်​ မ​နေနိုင်​​တော့လို့ ​တစ်​ရက်​တစ်​တစ်​ရက်​ အ​ကြောင်းရှာရတာလည်း Lili အတွက်​ အလုပ်​တစ်​ခု လိုကိုဖြစ်​​နေပြီ။

ဒီ​နေ့လည်း ဖက်​ထုပ်အ​ကြောင်းပြပြီး မမအိမ်​ကို ​ရောက်​လာခဲ့တယ်​။

မမပန်းချီဆွဲ​နေတဲ့နားကို သွားပြီးရပ်​ကြည့်​မိ​တော့ ...
ပန်းချီကားတစ်​ချပ်​ကို စိတ်​ဝင်​တစား ဆွဲ​နေတဲ့မမ ။

မမဆွဲ​နေတဲ့ပုံက စ​တော်​ဘယ်​ရီခြံမှာ က​လေး​မ​လေးတစ်​​ယောက်​ စ​တော်​ဘယ်​ရီ ခူး​နေတဲ့ပုံ​လေး ...

အာရုံတစိုက်​ကြည့်​​နေတဲ့မမရဲ.မျက်​ဝန်းညိုညို​တွေ
စည်းချက်​ညီညီလှုပ်​ရှား​နေတဲ့ လက်​​ချောင်းသွယ်​​တွေ ..
ပန်းချီ​ဆေးအနည်းငယ်​​ပေ​နေတဲ့ ပါး​ဖောင်း​ဖောင်း​လေး​တွေ
ကို ​ငေးကြည့်​ရတာလည်း အနုပညာပါပဲ ။

မမဟာ အနုပညာ​တွေကိုဖန်​တီး​နေ​ပေမယ့်​ ...
မမကိုယ်​တိုင်​ကကို အနုပညာ ဖြစ်​​နေတာလို့ ​ပြောပြလိုက်​ချင်​ပါရဲ့ ...။

ပန်းချီကားရဲ့ ​ထောင့်​စွန်း​လေးမှာ J's Art လို့ ထိုးပြီးတာနဲ့
လှည့်​ကြည့်​လာတဲ့ မျက်​ဝန်း​တွေနဲ့ မစုံမိ​အောင်​ မျက်​နှာလွှဲမိတယ်​ ...မဟုတ်​ရင်​ ခိုး​ငေး​နေတာ လူမိသွားနိုင်​တယ်​​လေ ...။

"ပန်းချီကားထဲက စ​တော်​ဘယ်​ရီခြံက အသက်​ဝင်​လိုက်​တာ unnie"
"​မြောက်​​နေပါပြီ lili တို့က​တော့ ..တို့ကို ဆွဲထား​ပေးအုံး ​ကောင်းကင်​​ပေါ်​မြောက်​  တက်​သွားမှာဆိုးလို့ "

ပြောပြီး တဟားဟား ရယ်​​နေတဲ့ မမ ...
ဒီရယ်​သံကြီးကို Lili ​တော့ အရမ်းကြိုက်​တာပဲ ..
ဒီလိုရယ်​သံ​တွေ​ဖန်​တီး​ပေးချင်​စိတ်​က​တော့  ဘာပဲလုပ်​ရလုပ်​ရ​ပေါ့ အချစ်​က​လေးရယ်​...။

You are my kryptonite Where stories live. Discover now