07

3.1K 200 0
                                    

[Zawgyi]

ဖုန်းဆက်​တာလည်းမကိုင်​ ..မက်​​ဆေ့ခ်ျ​ပို့တာလည်း reply မလာ​ စိတ်​ပူတာနဲ့ မမတိုက်​ခန်းဆီအ​ပြေးလာမိတယ်​။

ဘဲလ်​တီး​တော့လည်း တံခါးလာဖွင့်​မ​ပေး​တော့ ..
password နှိပ်​ဝင်​ပြီး

"မမ.."
"မမ"
မမအိပ်​ခန်းဆီ ဝင်​ကြည့်​​တော့ ..​တွေ့ပါပြီLiliရဲ့အသည်းနှလုံးမ​လေး ...အိပ်​​နေတာ လည်း​ကွေးလို့ ..အိပ်​​နေတဲ့ပုံ​လေးက တကယ့်​အသည်းယားစရာ​လေး ...

မမအနားကိုသွားကြည့်​​တော့ မျက်​နှာက ဖြူဖပ်​ဖြူ​ရော်​ ဖြစ်​​နေ​တော့ Lili မှာ ပျာယာခတ်​သွားရတယ်​။
မမနဖူးဆီ လက်​က​လေးနဲ့စမ်းကြည့်​လိုက်​​တော့

"ဟာ...ပူကျစ်​​နေတာပဲ"

"မမ ..မမ"
ပုခုံး​လေးကို အသာအယာ​လေးကိုင်​လှုပ်​လိုက်​​တော့ ...
" Lili ​ရောက်​​နေတာလား " ဆိုပြီး ​ဖျော့​တော့​တော့ အသံ​လေးနဲ့​မေးလာတယ်​ ။

Lili တို့ home doctor ကို ဖုန်းဆက်​​ခေါ်ပြီး

" လူနာက ..ပင်​ပန်းသွားလို့ ဖျားသွားတာပါ၊ ဆန်​ပြုတ်​လေးတိုက်​ပြီး ..ဒီ​ဆေး​လေးတိုက်​လိုက်​ရင်​ သက်​သာသွားလိမ့်​မယ်​ ။ခု​တော့ အဖျားကျ​အောင်​ ​ဆေး တစ်​​ချောင်းထိုး​ပေးခဲ့တယ်​ ။ တစ်​ရက်​ နှစ်​ရက်​​လောက်​​ နားခိုင်းလိုက်​ရင်​ ပို​ကောင်းသွားမှာပါ ။ "

"ဟုတ်​ကဲ့ပါ ... ​ဒေါက်​တာ "

" ကဲ ဒါဆို ..​ဒေါက်​တာသွားပြီ..လူနာကို ဂရုစိုက်​လိုက်​အုံး"

ဆိုးလ်​ကို ပြန်​ပြန်​​ရောက်​​ရောက်​ချင်း ပင်​ပန်းလို့​နေမှာ မမက ဖျားတယ်​ ။ အပြင်​မှာ မာ​ကျောသ​ယောင်​ရှိတဲ့ မမဟာ သိပ်​ကို ပင်​ပန်းထိခိုက်​လွယ်​တဲ့ ပန်းက​လေးပဲ..ပင်​ပန်း​နေပြီလား
Rubyjane ​ရေ...။

အသက်​၉နှစ်​အရွယ်​က​လေးတစ်​​ယောက်​အ​နေနဲ့ နယူးဇီလန်​မှာ တစ်​​ယောက်​တည်း​နေခဲ့ရတာ သိပ်​ပင်​ပန်းခဲ့မှာပဲ မမရယ်​..

ခုလို ​နေမ​ကောင်းဖြစ်​တဲ့အချိန်​ဆို ပိုပင်​ပန်းခဲ့မှာလို့ ​တွေးမိ​တော့ သိပ်​ကိုနာကျင်​ရတာပဲ ..အဲ့ချိန်​ကတည်းက မမနဲ့ Lili ဆုံခဲ့ရရင်​ သိပ်​​ကောင်းမှာလို့ ကံကြမ္မာ ကို အပြစ်​တင်​ချင်​တုန်း ...။ ​နေမ​ကောင်းတိုင်း ပြုစု​ပေးချင်​တယ်​ ..ပင်​ပန်းတိုင်းအနားမှာ နှစ်​သိမ့်​​ပေးချင်​တယ်​ ..အထီးကျန်​တိုင်း အ​ဖော်​လုပ်​​ပေးချင်​တယ်​ ..။ အဲ့ချိန်​ကတည်းက မမနဲ့ဆုံခဲ့ ရရင်​ ဘယ်​​လောက်​​တောင်​​ကောင်းလိမ့်​မလဲ..။

You are my kryptonite Where stories live. Discover now