09

3K 201 1
                                    

我很想你宝贝。

ကျွန်​မရဲ့ ခ​လေး​လေး Liliက ကျွန်​မထွက်​သွားမှာကို သိ​နေတဲ့အတိုင်း တစ်​​နေကုန်
တောက်​တဲ့လိုတွယ်​ကပ်​ပြီး တဖွဖွ နမ်း​​နေ​လေရဲ့ ။

ကျွန်​မထားခဲ့မှာကိုကြိုသိ​နေတဲ့အတိုင်း ဒီ​နေ့မှ အတင်းကပ်​ချွဲ​နေ​လေရဲ့ ...
ထမင်းဆိုလည်း " မမခွံ​ကျွေး​မှစားမှာ "
ရေ​သောက်​ရင်​လည်း " မမ​တိုက်​မှ ​သောက်​မှာ" ဆိုတဲ့ ခ​လေး​လေး
ကိုယ်​ဘယ်​သွားသွား ​နောက်​က​နေ လိုက်​ဖက်​ပြီး အတင်းလိုက်​နမ်း​နေတယ်​.

အဆင်​မ​ပြေဘူး အချစ်​ရယ်​ တင်းခံ ထားရတဲ့ ခံနိုင်​​ရည်​ အား​တွေ baby အဲ့လို ချွဲ​နေပုံနဲ့ အရည်​​ပျော်​လုနီးပါးပဲ ..

...........................

ရေချိုးခန်းက ထွက်​လာ​တော့ lili က ​လေယာဉ်​လက်​မှတ်​ကို ​တွေ့သွားပုံပဲ
လေယာဉ်​လက်​မှတ်​ကို လက်​ထဲမှာကိုင်​ပြီး
မယုံနိုင်​တဲ့ မျက်​ဝန်း​တွေနဲ့ ကျွန်​မကို ကြည့့်လာတယ်​ ။

lili​စော​စော​တွေ့သွားတာလည်း တစ်​မျိုး​ကောင်းတယ်​ ။ မဟုတ်​ရင်​lili ကိုလမ်းခွဲထားခဲ့ဖို့ကျွန်​မမှာ အ​ကြောင်းအရာမရှိ​သေးဘူး ။ ခု​တော့ ကံကြမ္မာ က ကျွန်​မကို ပြတ်​သားဖို့ ဖန်​လာပြီ​လေ ...

" မမဒါက ဘာသ​ဘောလဲ ဒီ​လေယာဉ်​လက်​မှတ်​က​ရောဘာလဲ "

"ကိုယ်​နယူးဇီလန်​ကို ထွက်​သွား​တော့မယ်​ Lisa "

"ဘာလဲ မမအချစ်​ဦးက လာခဲ့လို့​ပြောလို့လား ၊တွဲရ​အောင်​လို့ ပြန်​ဆက်​သွယ်​လာလို့လား "

lisaစိတ်​မထိန်းနိုင်​ဘဲ​မေးလိုက်​တဲ့ ​မေးခွန်း က မှားမှန်းlisa မမကို ​မေးပြီးမှ မှားမှန်းသတိပြန်​ဝင်​ လာခဲ့ရတယ်​။

" အင်း ဟုတ်​တယ်​ Lisa သူကပြန်​​ခေါ်​နေပြီ အဲ့တာ​ကြောင့်​ မနက်​ဖြန်​ သွား​တော့မှာ ..Lili အသိဆုံးဖြစ်​​မှာပါ အချစ်​ဦးဆိုတဲ့အရာက ဘယ်​လိုအဓိပ္ပါယ်​မျိုးလည်းဆိုတာ"

မမရဲ့ "ဟုတ်​တယ်​" ဆိုတဲ့ စကားဟာ lili ရင်​ဝကို
အောင့့်ခနဲပဲ ..

You are my kryptonite Where stories live. Discover now